Live
Home
မြန်မာသတင်း
ထိုင်းက မြန်မာကို လယ်ယာသုံးပစ္စည်းတင်ပို့မှု တနေ့ ဘတ် သန်း ၁၀၀ ဖိုးခန့်ရှိ
DVB
·
November 28, 2015
ထိုင်းနိုင်ငံကနေ လယ်ထွန်စက်နဲ့ ကောက်ရိတ်စက် အပါအ၀င် လယ်ယာသုံး ပစ္စည်းတွေ မြန်မာနိုင်ငံကို တင်ပို့မှုကနေ တနေ့ ဘတ်ငွေ သန်း ၁၀၀ ဖိုးအထိ ရရှိနေပါတယ်။ အဲဒီ လယ်ယာသုံးပစ္စည်းတွေကို မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကနေ တဆင့် အခုရက်ပိုင်းအတွင်း တင်ပို့နေတာ ပိုများနေတယ်လို့  မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ မဲဆောက်မြို့မှာရှိတဲ့ လယ်ထွန်စက် အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ နိုင်စူချာကတော့ “လတ်တလော မြန်မာနိုင်ငံမှာရှိတဲ့ လယ်သမားတွေက လယ်ထွန်စက်နဲ့ ကောက်ရိတ်စက်တွေကို  ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီးတော့ ၀ယ်ယူတယ်” လို့ ပြောပါတယ်။ မဲဆောက်-မြ၀တီနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဟာ ထိုင်းနိုင်ငံကနေ မြန်မာကို ကုန်တင်ပို့မှုတွေထဲမှာ အကြီးဆုံး ဂိတ်တခုလည်း ဖြစ်ပါတယ်။ ထ ထိုင်းကနေ မြန်မာနိုင်ငံကို တင်ပို့နေတဲ့ ကုန်ပစ္စည်းနဲ့ စက်ပစ္စည်းတွေ ရှိသလို မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေလည်း ရှိပါတယ်။ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ စိုက်ပျိုးရေး ကုန်ဖြစ်တဲ့ ဆန်၊ ငရုပ်၊ ကြက်သွန် အပြင် ကျွဲ၊ နွား၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024