ကနေဒါ အလှမယ် တရုတ်ပြည်ဝင်ခွင့် ပယ်ချခံရ
DVB
·
November 27, 2015
တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး မတော်မတရားမှုတွေကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ အတွက် ပြည်ဝင်ခွင့် မပေးဘူးလို့ ကနေဒါ အလှမယ် အန်နာစတေးဂျာလင်းက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်က တရုတ်ပြည်ဝင်ခွင့် ရရှိရေး ပယ်ချခံရပြီး နောက်တနေ့ ဟောင်ကောင် လေဆိပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် လင်းက ဟီနန်ကျွန်းက ရီဆော့တခုမှာ ပြုလုပ်မယ့် မစ္စဝေါလ်ပြိုင်ပွဲကို သွားရောက်ဖို့ ဗီဇာမရခဲ့ပါဘူး။
ကနေဒါ တရုတ်သံရုံးကတော့ လင်းဟာ အစိုးရက အသိအမှတ်မပြုတဲ့သူတွေရဲ့ စာရင်းထဲမှာ ပါတယ်လို့ ပြောပါတယ်။
ဟောင်ကောင်ကို မဆင်းသက်မီအချိန်အထိ တရုတ်ရဲ့ နာမည်ပျက်စာရင်းမှာ ထည့်ထားတာကို မသိရဘူးလို့ လင်းက ပြောပါတယ်။
ဟောင်ကောင်လေဆိပ်ရောက်မှသာ အစိုးရက အသိမှတ်မပြုထားတဲ့ သူထဲမှာ ပါဝင်ပြီး တိုင်းပြည်ထဲကို ၀င်ခွင့်မရှိဘူးလို့ ပြောပါတယ်။
လင်းဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပါသလို ဇူလိုင်လက တရုတ်နိုင်ငံက ဘာသာရေး ဖိနှိပ်မှုတွေ အတွက် အမေရိကန်ပြည်ထောင်စု ကွန်ဂရက် ကြားနာ စစ်ဆေးပွဲမှာ သက်သေထွက်ဆိုခဲ့ပါတယ်။
လူ့အခွင့်အရေး မတော်မတရားမှုတွေကို ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်အစိုးရ အရာရှိတွေက လင်းရဲ့ဖခင်ကို ဒုက္ခပေးခဲ့တယ်လို့ဆိုပါတယ်။