တူရကီ ထောက်လှမ်းရေး အရာရှိတွေ တာဝန်ယူပြေးဆွဲနေတဲ့ ယာဉ်တန်းထဲက ဆေးပစ္စည်းတွေ ကြားထဲမှာ လက်နက်တွေကို ထည့်သွင်းပြီး ဆီးရီးယားကို တင်ပို့နေတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
တူရကီအစိုးရ အတိုက်အခံ လိုလားတဲ့ သတင်းစာက ယာဉ်တန်းတွေဟာ ဆီးရီးယားကို ထွက်ခွာသွားပြီး သူပုန်တွေ လက်ထဲကို ပေးအပ်ခဲ့တယ်လို့ ရေးပါတယ်။
တူရကီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ တူရကီမှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမတိုင်မီ တပတ်မှာ အခုလို ရုပ်သံဖိုင်ထွက်ပေါ်လာတာဟာ အစိုးရကို အရှက်ရစေပါတယ်။
ဒီယာဉ်တန်းကို တားဆီးတဲ့ စုံစမ်းစစ်ဆေးသူ ၄ ဦးကိုလည်း ယာဉ်တွေနဲ့ အတူလိုက်ပါလာတဲ့ အရာရှိ ၃၄ ဦးနဲ့ အတူ ဖမ်းဆီးခဲ့ပါတယ်။
ဒီအထဲက လူအချို့က ရုပ်သံဖိုင်ကို ရိုက်ကူးတယ်လို့ စွပ်စွဲခံထားရပြီး သူလျှိုနဲ့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲဆိုထားပါတယ်။ ဒီအကြောင်းရေးသားတဲ့ မီဒီယာတွေကိုလည်း ဆင်ဆာဖြတ်တောက်နေပါတယ်။