အကြမ်းဖက်သမားများကို အစုလိုက်အပြုံလိုက် ဆော်ဒီစီရင်မည်

ဆောဒီဘုရင်
1.5K
ဒါဇင်နဲ့ချီတဲ့ အကြမ်းဖက်သမားတွေကို ဆော်ဒီအာရေဗီးယား အာဏာပိုင်တွေက တရက်တည်းနဲ့ စီရင်ဖို့ လုပ်ဆောင်နေတာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ အဖွဲ့က သတိပေးလိုက်ပါတယ်။
အကြမ်းဖက်မှု ရာဇ၀တ်မှုနဲ့ လူ ၅၅ ဦးက သေဒဏ်စီရင်ခံဖို့ စောင့်မျှော်နေတယ်လို့ သတင်းစာက ရေးသားခဲ့ပါတယ်။
သေဒဏ်ရင်ဆိုင်ရတဲ့သူတွေထဲမှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေနဲ့ အာဝါမီယဒေသက လူတွေ ဖြစ်တယ်လို့ သတင်းက ရေးပါတယ်။
အစိုးရကို ဖြုတ်ချဖို့နဲ့ လက်နက်တွေ ပေါက်ကွဲပစ္စည်းတွေ အသုံးပြုတိုက်ခိုက်မှုနဲ့ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေက စွပ်စွဲခံထားရသလို အာဝါမီယဒေသက လူတွေကိုတော့ နိုင်ငံတော် အကြည်ညို ပျက်စေမှု လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်မှုနဲ့ အပြစ်ပေးထားတာလို့ ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာအဖွဲ့ကတော့ ဒီသတင်းထုတ်ပြန်ချက်ကို လေးလေးနက်နက် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဒီနှစ် ဆော်ဒီမှာ အနည်းဆုံး လူ ၁၅၁ ဦးကို သေဒဏ်ပေးထားပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံး သေဒဏ်ပေးခဲ့တဲ့ စာရင်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ ဆော်ဒီက လူ ၉၀ နီးပါးကို စီရင်ခဲ့ပါတယ်။