A d v e r t i s e m e n t With Us

မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် ထိုင်းအစိုးရ ကူညီပေးရေး စီးပွားရေးသမားများ လိုအပ်

မြန်မာမှာ စီးပွားရေးတိုးချဲ့ဖို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုတွေမှာ ထိုင်းအစိုးရက အကူအညီပေးဖို့ ထိုင်းစီးပွားရေးသမားတွေက ဆန္ဒရှိနေပါတယ်။ မြန်မာကို ထိုင်းအစိုးရက တရားဝင်ခရီးစဉ်တွေ မကြာခဏသွားရောက်ဖို့လည်း အလိုရှိနေတယ်လို့ ထိုင်းကုန်သည်ကြီးများ တက္ကသိုလ်ရဲ့ အာဆီယံစီးပွားရေး အသိုင်းအ၀န်း ဗျူဟာရေးရာ ဌာနကို ကိုးကားပြီး ဘန်ကောက်ပိုစ့် သတင်းမှာ ရေးပါတယ်။ ထိုင်းအစိုးရက မြန်မာကို အလည်အပတ် မကြာခဏသွားရောက်ပြီး မြန်မာနဲ့ ထိုင်းစီးပွားရေးသမားတွေအကြား သတင်းအချက်အလက်တွေ ဖလှယ်ပြီး ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုအားကောင်းစေမယ်လို့ ဌာနညွှန်ကြားရေးမှူး ပွတ်ဆဒီပိုဆန်ရမ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ထူထောင်ဖို့အတွက် အဆက်အသွယ် ပြတ်တောက်တာက ထိုင်းအတွက် အဓိက ပြဿနာလို့လည်း ဆိုပါတယ်။ အုပ်ချုပ်ရေးအဆင့်ဆင်တွေကလည်း မကြာခဏဆိုသလို ဆွေးနွေးမှုတွေ လုပ်ပြီး ၂ နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုကို ပိုမို အားကောင်းစေမယ်လို့ သူက ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူရဲ့ ယုံကြည် စိတ်ချရမှုအပေါ်  မြန်မာ စီးပွားရေးသမားတွေက စိုးရိမ် ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ထိုင်းတွေအပေါ် ယုံကြည်စိတ်ချမှုရှိအောင် အစိုးရ အေဂျင်စီတခုကို ထူထောင်ရာမှာ ထိုင်းအစိုးရက ကူညီသင့်တယ်လို့ ဆိုပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ မြင့်တင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့တွေကလည်း မြန်မာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အသေးစိတ်စိစစ်ပြီး သတင်းအချက်အလက်တွေ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up