A d v e r t i s e m e n t With Us

ဖမ်းဆီးခံနေရသည့် သတင်းထောက်ကို ထောင်ပြင်ပ ထောင်ဒဏ် ၅ နှစ်ချမှတ်

Gao Yu attends the opening of a photo exhibition by Liu Xa, wife of Nobel Laureate Liu Xiaobo, in Hong Kong, in this June 9, 2012 file photo. A Chinese court upheld a conviction on November 26, 2015 against Gao, a journalist accused of leaking an internal Communist Party document to a foreign website, but reduced her jail sentence by two years in a case criticized by the West and rights groups. REUTERS/Bobby Yip/Files
တရုတ်အာဏာရကွန်မြူနစ်ပါတီ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ ဖမ်းဆီးအရေးယူခံရတဲ့ အစိုးရအတိုက်အခံသတင်းထောက်တဦးကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ထောင်ပြင်ပ ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က အမှုကို တခါပိတ်ပြန်လည်ကြားနာခဲ့ပြီး မူလထောင်ဒဏ်ဖြစ်တဲ့ ၇ နှစ်ကနေ ၅ နှစ်ကို လျော့ချပေးခဲ့ပါတယ်။ ထောင်ဒဏ်ကိုလျော့ပေးလိုက်ပေမယ့် ထောင်ဒဏ်ကို ဆက်ကိုင်စွဲထားပြီး သူ့ရဲ့ကျန်းမာရေးကြောင့် ထောင်ပြင်ပ ထောင်ဒဏ် ချလိုက်တာလည်းဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် စုံထောက်သတင်းထောက် ဂေါင်ယု Gao Yu ဟာ တရုတ်အစိုးရဆန့်ကျင်ရေး သတင်းရေးသားဖြန့်ဝေမှုတွေနဲ့ လူသိများကျော်ကြားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကြီးရဲ့ အတွင်းရေးစာရွက်စာတမ်းတွေကို တရုတ်ဘာသာ နဲ့ ထုတ်ဝေတဲ့ အမေရိကန်သတင်းဌာနတခုကို ပေးပိုခဲ့မှုနဲ့ ၂၀၁၃ မေလက ဖမ်းဆီးရုံးတင်ခံရပြီး အခုနှစ် ဧပြီလမှာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူကိုယ်တိုင်ရော သတင်းထုတ်ဝေခဲ့တဲ့ Mingjing  သတင်းဌာနကပါ အစိုးရလျှို့ဝှက်ချက်တွေကို ဖွင့်ချတယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဂေါင်ယုက သူ့ရဲ့လုပ်ရပ်အတွက် နောင်တရတယ်လို့ ၀န်ခံပြောဆိုခဲ့တဲ့အတွက် ထောင်ဒဏ်ကို လျော့ပေါ့ပေးလိုက်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနကပြောဆိုပါတယ်။ တရုတ် ထိပ်တန်းအာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေကို လူသိထင်ရှားရေးသားဖော်ပြတဲ့အတွက် တရုတ်အာဏာပိုင်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး အပြစ်ရှာအရေးယူခံရတာလို့ တရုတ်ပြည်သူအများက ယုံကြည်နေကြကြောင်း တရုတ်သတင်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up