ယူရိုပါလိဂ် ကွာတာဘက် ၀-၁ စပါး (ရုပ်သံဟိုက်လိုက်)

745
နိုဝင်ဘာ ၂၆ ရက်နေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးအသင်းက အဇာဘိုင်ဂျန်ကလပ် ကွာတာဘက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အဝေးကွင်းမှာ ကစားတဲ့ ဒီပွဲမှာ စပါးအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ကိန်းက ၇၈ မိနစ်ကျမှ သွင်းယူနိုင်တာ ဖြစ်ပါတယ်။
ဒီဂိုးဟာ တိုက်စစ်မှူး ကိန်းအတွက် နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ ၉ ဂိုးမြောက် ဂိုးကို သွင်းယူနိုင်တာပါ။
စပါးက ဒီပွဲမှာ တဖက်သတ် ဘောလုံး ကိုင်ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့် ၂၄ ကြိမ်အထိ ရခဲ့ပေမယ့် အသုံးမချနိုင်လို့ တဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားတာပါ။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို စပါးကွင်းလယ်သမား အယ်လီက ရရှိသွားပါတယ်။
စပါးအသင်း နည်းပြကတော့ ပိုချက်တီနိုကတော့ ဒီပွဲမှာ ကစားသမားတွေရဲ့ သည်းခံမှု၊ ရင့်ကျက်မှုကို ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီပွဲနိုင်လို့ အုပ်စု (ဂျေ) မှာ ရှိနေတဲ့ စပါး ၁၀ မှတ်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။