ယူရိုပါလိဂ် လီဗာပူး ၂-၁ ဘော့ဒိုး (ရုပ်သံဟိုက်လိုက်)

1.5K
နိုဝင်ဘာ ၂၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်မှာ လီဗာပူးက ပြင်သစ်ကလပ် ဘော့ဒိုးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး ယူရိုပါလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက် သွားပါတယ်။ ဒီပွဲမှာ ဧည့်သည်ကလပ် ဘော့ဒိုးက ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
ဒီပွဲမှာ ဘော့ဒိုးအသင်းက ၃၃ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပါတယ်။ လီဗာပူးအတွက် ချေပဂိုးကို အသင်းခေါင်းဆောင် ဂျိမ်း မေနာက ၃၃ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။
အန်းဖီးကလပ်အတွက် အနိုင်ဂိုးကို ၄၅ မိနစ်မှာ တိုက်စစ်မှူး ဘန်တက်ကီက သွင်းယူပြီး အနိုင်ရသွားတာပါ။
ဒီပွဲမှာ တိုက်စစ်မှူး ဘန်တက်တီ ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ လီဗာပူးက အုပ်စု (ဘီ)မှာ ၉ မှတ်ရပြီး နောက်တဆင့်ကို တက်ဖို့ အမှတ် လုံလောက်သွားပါတယ်။ ဘော့ဒိုးကတော့ ၃ မှတ်နဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန် သွားရပါတယ်။