A d v e r t i s e m e n t With Us

၈၈ မျိုးဆက် ကရင်ကျောင်းသား ၂ ဦးကို မတရားသင်းပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်

တရားမဝင်အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက် ကရင်ကျောင်းသားများအဖွဲ့ ဥက္ကဋ္ဌ စောမောင်ကြီးနဲ့ စောအယ်စေးတို့ ၂ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက် ညပိုင်းက ၈၈ မျိုးဆက် ကရင်ကျောင်းသားများအဖွဲ့ ဥက္ကဋ္ဌ စောမောင်ကြီးရဲ့ နေအိမ်မှာ ဒီကေဘီအေ ဗိုလ်စန်းအောင်တပ်က အပ်ထားတဲ့ လက်နက်တွေ ဝင်ရောက်ရှာဖွေရာမှာ မတွေ့ရှိပေမယ့် တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုနဲ့ပဲ စောမောင်ကြီးနဲ့ စောအယ်ဆေးတို့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပါ။ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေ လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ထဲမှာ ဒီကေဘီအေအဖွဲ့လည်း အပါအ၀င်ဖြစ်ပြီး မတရားအသင်း အဖြစ်ကရော အကြမ်းဖက်အဖွဲ့အဖြစ်ကပါ အစိုးရက တရားဝင် ပယ်ဖျက်ကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။ စောမောင်ကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကရင်ကျောင်းသားအစည်းအရုံးက ဘားအံမြို့မှာ ရုံးခန်းဖွင့်လှစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရတဲ့ ပြဿနာတွေကို ကူညီဆောင်ရွက်ပေးနေတာပါ။ စောမောင်ကြီးကတော့ အရင်က ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်ဖွဲ့ဝင် ဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ လက်နက်ချ အလင်းဝင်ခဲ့သူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up