A d v e r t i s e m e n t With Us

နှစ် ၅၀ ပြည့် အောင်ပန်း မဟာဘုံကထိန် (သတင်းဓာတ်ပုံ)

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့မှာ နှစ် ၅၀ ပြည့် မဟာဘုံကထိန်ပွဲကို ဒေသခံတွေ ပျော်ရွှင်စွာ ဆင်နွှဲနေပါတယ်။ အောင်ပန်း မဟာဘုံကထိန်မှာ အလှပဆုံး ဆင်ယင်ထားတဲ့ ပဒေသာပင်တွေကို ဆုပေးလေ့ရှိပါတယ်။ ပဒေသာပင်တွေမှာ သံဃာတော်နဲ့ ဘုန်းတော်ကြီးကျောင်းတွေအတွက် အသုံးဝင်မယ့် လှူဖွယ်ပစ္စည်းတွေကို ထည့်သွင်းလှူဒါန်းလေ့ ရှိပါတယ်။ ပဒေသာပင်တွေရဲ့ တန်ဖိုးက အနည်းဆုံး ၅ သိန်းကနေ သိန်း ရာချီ တန်ကြေးရှိသလို ဒီနှစ်မှာတော့ ပဒေသာပင် ၃၀၀ နဲ့ ၄၀၀ ကြားရှိမယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။ လူငယ်အဖွဲ့တွေ၊ ဒေသခံလူမျိုးတွေ၊ စီးပွားရေးသမားတွေ၊ ရပ်ကွက်အလိုက် သက်ဆိုင်ရာ ပဒေသာပင်တွေကို အလှဆင်ပြီး လှူဒါန်းကြတာ ဖြစ်ပါတယ်။ ဒီပဒေသာပင်တွေက လှူဖွယ်ပစ္စည်းတွေကို အောင်ပန်းမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အညီအမျှ ခွဲဝေလှူဒါန်းတာဖြစ်ပြီး ပင်မ ပဒေသာပင်ကိုတော့ နှစ်စဉ် အလှည့်ကျတဲ့ ကျောင်းကို ပေးအပ်လှူဒါန်းပါတယ်။ ဒီနှစ်မှာတော့ လွယ်မောကျောင်းက ပင်မပဒေသာပင်ကို ရရှိမှာဖြစ်သလို မြို့သူမြို့သားတွေက ပဒေသာပင်တွေနဲ့အတူ အိုးစည်ဘုံမောင်းတီးခတ် ကခုန်ပြီး မြို့ကို တပတ်ပတ်ကာ ပဒေသာပင်တွေကို အလှည့်ကျ လွယ်မောကျောင်းကို ပို့ဆောင်နေပါတယ်။ သတင်းဓာတ်ပုံ -မျိုးသန်း  

A d v e r t i s e m e n t With Us

More News
Up