A d v e r t i s e m e n t With Us

နှစ် ၁၃၀၀ ကြာ အဆောင်လက်ဖွဲ့ (ရုပ်သံ)

နှစ်ပေါင်း ၁၃၀၀ ကြာပြီဖြစ်တဲ့ ဖာရောက် မဟာဝမ်ဆိုတဲ့ အဆောင်လက်ဖွဲ့တွေရဲ့ မူလ အစအကြောင်းကို ထိုင်း သံဃာတော် တပါးက ရှင်းပြပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၃၀၀ ဟာရီဖူချိုင်ခေတ်ကတည်းက ဒီလက်ဖွဲ့တွေက ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီခေတ်မှာ ဘုရင်မ ချာမဒေ၀ီ ပထမဆုံးအုပ်ချုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ အုပ်ချုပ်တဲ့ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်အတွက် အဆောင်လက်ဖွဲ့ စီရင်ပေးဖို့ ရသေ့တွေကို ဘုရင်မက ညွန်ကြားခဲ့ပါတယ်။ ဖာရောက် မဟာဝမ် အဆောင်လက်ဖွဲ့တွေ လုပ်ဖို့ သဘောတူခဲ့ကြပြီး နာရာတာလို့ အမည်ရတဲ့ ရောက်ရသေ့က အဆောင်လက်ဖွဲ့လုပ်ဖို့ ခေါင်းဆောင်ခဲ့ပါတယ်။ သူ့ကို အစွဲပြုပြီးလက်ဖွဲ့ကို ဖာရောက်လို့လည်း ခေါ်ပါတယ်။ ဒီအဆောင်တွေကို ရွာသားတွေကနေ တဆင့်ရရှိခဲ့ပြီးတော့ ဘုရင်မလက်ထက်က အဆောင် စစ်မစစ် စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားတွေနဲ့ စစ်ဆေးခဲ့အပြီး ပညာရှင်တွေ အသုံးပြုတဲ့ နည်းလမ်းနဲ့ စစ်ဆေးခဲ့ပါတယ်။ ထိုင်းနျူကလီးယား နည်းပညာ ဌာနကို ပို့ဆောင်ပြီးလည်း စစ်ဆေးခဲ့ပါတယ်။ ရလဒ်တွေအရ နှစ်ပေါင်း ၁၃၂၃.၂ နှစ်ကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ စိတ်ကျေနပ်စရာ ရလဒ်ဖြစ်သလို ဒီလက်ဖွဲ့တွေက ဘုရင်မ လက်ထက်က ဖြစ်တယ်လို့ ပြောပါတယ်။ သိပ္ပံနည်းအရလည်း ဖာရောက် မဟာဝမ် အဆောင်လက်ဖွဲ့တွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဆောင်ဟာ လူတိုင်းကို မကောင်းဆိုးဝါးရန်နဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up