A d v e r t i s e m e n t With Us

၂၀၁၅ ခုနှစ် အပူဆုံးနှစ်ဖြစ်ဟု ကုလသမဂ္ဂ ထုတ်ပြန်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုအကြောင်း တာဝန်ရှိသူတဦး ရှင်းလင်းနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
အခုနှစ် ကမ္ဘာတ၀န်း ပျမ်းမျှအပူချိန်ဟာ မှတ်တမ်းတင်ခဲ့သမျှ နှစ်တွေထဲမှာ အပူပြင်းဆုံးနှစ် ဖြစ်တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အခုနှစ် အောက်တိုဘာလကုန်အထိ ရယူထားတဲ့ ရာသီဥတု ကိန်းဂဏန်း အချက်အလက်တွေအရ အခုနှစ် အပူချိန်ဟာ အရင်နှစ်ပျမ်းမျှအပူချိန်တွေထက် မြင့်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ အထိ မှတ်တမ်းတွေအရ အဲဒီနှစ် ၅ နှစ်ပျမ်းမျှ အပူချိန်ဟာလည်း မှတ်တမ်းရှိသမျှ အပူပြင်းဆုံး နှစ်အပိုင်းအခြား ဖြစ်တယ်လို့  ကမ္ဘာ့ရာသီဥတုအဖွဲ့ သုသေသနပညာရှင်တွေက ဆိုကြပါတယ်။ အခုလို အပူချိန် မြင့်တက်ရတာဟာ အခုနှစ်အတွင်း ဖြစ်ပေါ်တဲ့ အယ်လ်နီညို အပူလှိုင်းနဲ့ လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှု ၂ ခုပေါင်းကြောင့်လို့ ဆိုပါတယ်။ အခုနှစ် အပူချိန်ဟာ ၁၉၆၁ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ပျမ်းမျှအပူချိန်ထက် ၀ ဒသမ ၇၃ ဒီဂရီစင်တီဂရိတ် ပိုမိုပူပြင်းတယ်လို့ ကမ္ဘာ့ရာသီဥတုအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up