A d v e r t i s e m e n t With Us

အင်းတော်မြို့နယ် မော်လူးကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား (သတင်းဓာတ်ပုံ)

အင်းတော်မြို့နယ် မော်လူးကျေးရွာမှာ လျှပ်စစ်မီးပေါင်းအိုး အပူလွန်ကဲရာမှ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၆ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးကျေးရွာ မြမာလာရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။ မီးသတ်ကားတစီးနဲ့ တပ်ဖွဲ့ဝင်တွေ အပါအ၀င် ဒေသခံတွေပါ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၅၀၀၀ လောက် ရှိပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုလင်း (အင်းတော်)  

A d v e r t i s e m e n t With Us

More News
Up