ဓားပြတိုက်ပြီး ရွှေငွေများ မြေကြီးထဲမြုပ်နှံထားသူကို ဖမ်းမိ (ရုပ်သံ)

1.2K
တရုတ်နိုင်ငံ ဂွမ်ရှီဂျောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာ လူတဦးဟာ ရတနာဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့ပြီး ရွှေငွေလက်ဝတ်ရတနာတွေ မြေကြီးထဲမှာ မြှုပ်နှံထားတာ ရဲတွေက ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်။
သူဓားပြတိုက်ယူခဲ့တဲ့ ရတနာပစ္စည်းတွေရဲ့တန်ဖိုးဟာ ယွမ်ငွေ ၂ ဒသမ ၆ သန်း ရှိတယ်လို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကဖော်ပြပါတယ်။
ပြီးခဲ့တဲ့သီတင်းပါတ်မှာ သူ့ကိုရဲတွေက လက်ရဖမ်းဆီးခဲ့တာ ဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်မှာ ရွှေတွေကို ပြန်လည်ဖော်ထုတ်နေတာကို တွေ့မြင်နိုင်ပါတယ်။