Monday, May 29, 2023
HomeLead Storyဂျူဗင်တပ်ကို ရှုံးသော်လည်း အုပ်စုမှတက်သည့် မန်စီးတီး (ရုပ်သံဟိုက်လိုက်)

ဂျူဗင်တပ်ကို ရှုံးသော်လည်း အုပ်စုမှတက်သည့် မန်စီးတီး (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၅ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးက ဂျူဗင်တပ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုကကျွတ်ပြီး ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်အိမ်ကွင်းမှာ ယှဉ်ပြိုင်စကားတဲ့ ဒီပွဲမှာ တလုံးတည်းသော အနိုင်ဂိုးကို ပွဲအစ ၁၈ မိနစ်မှာပဲ တိုက်စစ်မှူး မန်ဇူးကစ်က သွင်းယူပါတယ်။

မန်စီးတီးက အခုပွဲမှာ နောက်တန်းကစားသမား ကွန်ပနီ၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဆေးဗားတို့ မပါဘဲနဲ့ ယှဉ်ပြိုင်သွားပါတယ်။

အဝေးကွင်းယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။

ဒီပွဲနိုင်လို့ ဂျူဗင်တပ်အသင်းက ၁၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို ရောက်သွားပြီး မန်စီးတီးက ၉ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular