A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်တွင် သရေကျသည့် မန်ယူ အုပ်စုတက်ရန် ရုန်းကန်ရမည် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၅ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်း သရေကျသွားလို့ အုပ်စုအဆင့်ကနေ တက်နိုင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ မန်ယူဟာ အိမ်ကွင်းမှာ ဟော်လန်ကလပ် ပီအက်စ်ဗွီအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာပါ။ မန်ယူတိုက်စစ်မှူး လင်ဂတ်နဲ့ ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်းတို့ ကန်သွင်းချက်တွေ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ အရင်တပတ်တုန်းက မကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ရွန်နီနဲ့ မာရှယ်လည်း ဒီပွဲမှာ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒီပွဲသရေကျလို့ အုပ်စု (ဘီ) မှာ မန်ယူက ၈ မှတ်နဲ့ ဇယားထိပ်က ၀ုဖ်ဘာ့ဂ်ရဲ့နောက် ဒုတိယနေရာမှာ ရှိနေပြီး ပီအက်စ်ဗွီက ၇ မှတ်နဲ့ တတိယ၊ စီအက်စ်ကေအေ မော်စကိုက ၄ မှတ်နဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up