A d v e r t i s e m e n t With Us

ဟွန်ဒူးရပ်စ်တွင် အရပ်သားပို့ဆောင်ရေးလုပ်သား ၈ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ (ရုပ်သံ)

ဟွန်ဒူးရပ်စ်နိုင်ငံမြောက်ပိုင်းမှာ နိုဝင်ဘာ ၂၄ ရက်နေ့က အရပ်သား ပို့ဆောင်ရေးဝန်ထမ်း ၈ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရတဲ့ လူတွေရဲ့ အလောင်းတွေကို ခိုလိုမာမြို့အနီး ဘတ်စ်ကားမှတ်တိုင်မှာ တွေ့ရှိရတာဖြစ်ပြီး လူဆိုးဂိုဏ်းတွေ ပြစ်မှုကျူးလွန်လေ့ရှိတဲ့ ထင်ရှားတဲ့ နေရာတခု မဟုတ်ဘူးလို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ တခြားလူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ တရားခံကို ဦးဆောင်ရှာဖွေနေကြတာပါ။ ရမ်မွန်ပါလ်မာအမည်ရ အမျိုးသားတဦးက အဲဒီအခင်းဖြစ်တဲ့နေရာမှာ ယောက်ဖဖြစ်သူကို ရှာဖွေဖို့ ရောက်လာခဲ့တာပါ။ သူက “ကျနော်ရောက်ပြီး ၂ မိနစ် ၃ မိနစ်အတွင်းမှာ သူတို့သေနေတာကို တွေ့ခဲ့တယ်။ သူ (ယောက်ဖဖြစ်သူ) ဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ဒရိုင်ဘာတယောက်ပါ။ သုံးလေးငါးရက်လောက် သူအလုပ်မလုပ်ဘဲ ရှိနေရာကနေ ခု ဒီကိုလာရင်း ခုလိုဖြစ်ခဲ့တာ” လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့အန္တရာယ်အများဆုံး နိုင်ငံတွေထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ် အမျိုးသားတက္ကသိုလ် အကြမ်းဖက်မှု လေ့လာစောင့်ကြည့်ရေး အစီအစဉ် ထုတ်ပြန်ချက်အရ နိုင်ငံတွင်းလူဦးရေ ၁ သိန်းမှာ ၆၈ ယောက်နှုန်း အသတ်ခံနေရတာလို့ ဆိုပါတယ်။ အဲဒီကိန်းဂဏန်းဟာ တိုးတက်မှုတခုဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ လူဦးရေ ၁ သိန်းမှာ ၉၀ ဟာ အသတ်ခံနေခဲ့ရတာပါ။

A d v e r t i s e m e n t With Us

More News
Up