A d v e r t i s e m e n t With Us

သြစတြေးလျတောင်ပိုင်း တောမီး မထိန်းနိုင်သေး (ရုပ်သံ)

သြစတြေးလျနိုင်ငံတောင်ပိုင်း မော်လာလာမြို့အနီးမှာ နိုဝင်ဘာ ၂၅ ရက်နေ့က တောမီးလောင်ကျွမ်းခဲ့ပြီး မီးကို မထိန်းနိုင်သေးဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီတောမီးလောင်ကျွမ်းမှုမှာ မီးငြှိမ်းသတ်ရင်း မီးသတ်သမားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့တယ်လို့ သြစတြေးလျ သတင်းမီဒီယာက ဆိုပါတယ်။ အကျယ်အ၀န်း ဟက်တာ ၃၀၀၀ လောက်ရှိတဲ့ အဲဒီဧရိယာပေါ်ကို လေယာဉ်နဲ့ ရေဖျန်းငြှိမ်းသတ်ခဲ့ရတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒေသခံတွေကို အဲဒီနေရာအနီးတ၀ိုက် ယာဉ်၊ ဒါမှမဟုတ် ခြေလျင်သွားလာခြင်း မပြုကြဖို့နဲ့ အမိုးအကာအောက် လုံခြုံတဲ့ အဆောက်အဦတွေထဲမှာ နေကြဖို့ သတိပေးထားကာ ဘေးကင်းစွာနေနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up