တူနီးရှား သမ္မတ၏ ကိုယ်ရံတော်ကားတန်း တိုက်ခိုက်ခံရ၊ အရေးပေါ်အခြေအနေထုတ်ပြန်


Tunisian police officers are pictured after an attack on a military bus in Tunis, Tunisia November 24, 2015. REUTERS/Zoubeir Souissi

1K
တူနီးရှားနိုင်ငံ တူးနစ်မှာ သမ္မတရဲ့ ကိုယ်ရံတော်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၂ ဦး သေဆုံးခဲ့အပြီးမှာနောက် ရက် ၃၀ အရေးပေါ် အခြေအနေကို ကြေညာကာ မြို့တော်မှာ ကာဖျူး ထုတ်ပြန်ထားပါတယ်။
ဂျီဟတ် တိုက်ခိုက်ရေးသမားတွေက သမ္မတရဲ့ ကိုယ်ရံတော်တွေစီးလာတဲ့ ကားတန်းကို နိုဝင်ဘာ ၂၄ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၂၀ ဒဏ်ရာရသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
အစိုးရကတော့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကြေညာခဲ့သလို ဒီတိုက်ခိုက်မှုကို တာဝန်ရှိတယ်လို့ ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသေးပါဘူး။
ဒီတိုက်ခိုက်မှု အတွက် လုံခြုံရေး တပ်ဖွဲ့တွေက လူ ၂ ထောင်နီးပါးကိုလည်း ဖမ်းဆီးထားပါတယ်။
တိုက်ခိုက်မှုကို အသေခံ ဗုံးခွဲသမားက သမ္မတ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်လာတဲ့ ကားအနီးမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ သမ္မတရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။
ဇွန် ၂၆ ရက်ကလည်း တူနီးရှား ဆူဆာ ကမ်းခြေမှာ တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသား ၃၈ ဦး သေဆုံးခဲ့သလို မတ် ၁၈ ရက် တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသား ၂၂ ဦး သေဆုံးခဲ့ပါတယ်။