Sunday, May 28, 2023
HomeLead Storyကိုယ်ခန္ဓာဟန်ချက်ထိန်း စားပွဲထိုး အပြေးပြိုင်ပွဲ (ရုပ်သံ)

ကိုယ်ခန္ဓာဟန်ချက်ထိန်း စားပွဲထိုး အပြေးပြိုင်ပွဲ (ရုပ်သံ)

လင်ပန်းတွေ၊ ဖန်ခွက်တွေနဲ့ ရေဖြည့်ထားတဲ့ ပုလင်းတွေကို ဂရုတစိုက် သယ်ဆောင်ကာ ကိုယ်ခန္ဓာဟန်ချက်ညီအောင် ထိန်းညှိရတဲ့ စားပွဲထိုးတွေရဲ့ အပြေးပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့က ဂျပန်နိုင်ငံဆိပ်ကမ်းမြို့ ယိုကိုဟားမားမှာ ကျင်းပခဲ့ပါတယ်။

အဲဒီပြိုင်ပွဲကို တဦးချင်းနဲ့ အုပ်စုလိုက် အမျိုးအစား ၂ မျိုး သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ပေါင်း ၁၂၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲဝင် တဦးချင်းစီဟာ ယပ်တောင်ပုံ ကွေ့ဝိုက်ထားတဲ့ အရှည် ၉၈၅ ပေရှိတဲ့ လျှောက်လမ်းပေါ်မှာ ယှဉ်ပြိုင်ကြရတာဖြစ်ပြီး အုပ်စုလိုက်ပြိုင်ပွဲမှာတော့ ၅ ဦးပါဝင်ကာ စုစုပေါင်းလမ်းအရှည် ၄၉၂၅ ပေကို ဖြတ်နိုင်ရမှာပါ။

ဒေသခံ ပရိသတ်တွေ ရာနဲ့ချီ လာရောက်အားပေးခဲ့ကြပြီး ဒီပြိုင်ပွဲဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ စတင်ခဲ့ကာ ၀န်ဆောင်မှုလုပ်ငန်းခွင်က စားပွဲထိုးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေဖို့ ရည်ရွယ်တာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ယိုကိုဟားမားဘေးဟိုတယ်တိုကျူမှ ပြိုင်ပွဲဝင် ဟီတိုမီဘီတိုဟာ အဖွဲ့လိုက်ပြိုင်ပွဲ ၁၄ ဖွဲ့မှာ ပထမနေရာ ရရှိခဲ့တာဖြစ်ပြီး အဖွဲ့လိုက်ပြိုင်ပွဲမှာ စုစုပေါင်းကြာချိန် ၅ မိနစ် ၃၁ စက္ကန့်နဲ့ စံချိန်သစ် တင်ထားခဲ့တာပါ။

“ဟုတ်ကဲ့။ ဒါဟာ ကျမရဲ့ ယှဉ်ပြိုင်နိုင်မှု စိတ်စွမ်းအင်လို့ ထင်ပါတယ်။ နည်းနည်းတော့ ထူးဆန်းနေပေမယ့် စိတ်လှုပ်ရှားရတဲ့ ခံစားချက်ဟာ ကျမ ပြိုင်ပွဲဝင်နေတုန်းမှာ အနိုင်ရချင်တဲ့စိတ်ပါပဲ။”

အမျိုးသားတဦးချင်းပြိုင်ပွဲမှာတော့ ကန်တိုဆာဆာမိုတိုက အချိန် ၄၉ စက္ကန့်နဲ့ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

သူက “ကျနော်တို့ရဲ့ ယှဉ်ပြိုင်ဘက်တွေ အများစုဟာ စားသောက်ဆိုင်တွေ၊ ဘားတွေကထက် ဟိုတယ်တွေက ပိုများပါတယ်။ ကျနော့်မှာလည်း သူတို့နဲ့ တန်းတူ အရည်အချင်း ရှိတယ်ဆိုတာ ပြသနိုင်ဖို့က ကျနော့်ရည်မှန်းချက်ပါပဲ” လို့ ဆုတံဆိပ်ကို မြှောက်ပြပြီး ပြောလိုက်ပါတယ်။

ခုလို စားပွဲထိုးတွေရဲ့ စွမ်းရည်ပြ ကိုယ်ခန္ဓာဟန်ချက်ထိန်း ပြိုင်ပွဲတွေကို ကမ္ဘာ့နိုင်ငံ ၆၁ နိုင်ငံကျော်မှာ နှစ်စဉ်ကျင်းပနေပြီး ဂျပန်နိုင်ငံမှာ အခုကျင်းပတဲ့ပြိုင်ပွဲဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် တိုကျို နွေရာသီအိုလံပစ်ပြိုင်ပွဲကို ဦးတည်ကျင်းပခဲ့တာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular