A d v e r t i s e m e n t With Us

လေထီးဖြင့် ခုန်ဆင်းသည့် ရုရှားတိုက်လေယာဉ်မှူးကို သေနတ်ဖြင့် ပစ်ခတ် (ရုပ်သံ)

ဆီးရီးယားနိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုရှား တိုက်လေယာဉ်ကို တူရကီက ပစ်ချလိုက်ရာမှာ လေထီးနဲ့ ခုန်ချတဲ့ တိုက်လေယာဉ်မှူး တဦးကို မြေပြင်က လက်နက်ကိုင်တွေက ထပ်မံပစ်ခတ်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်မှုကြောင့် လေယာဉ်ပေါ်မှာ ပါလာတဲ့ လေယာဉ်မှူး တဦး သေဆုံးသွားတဲ့ ရုပ်သံဖိုင်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ တခြားလေယာဉ်မှူးတဦးရဲ့ အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က လေကြာင်းပိုင်နက်ထဲကို ကျူးကျော်လာတဲ့အတွက် တူရကီ အက်ဖ် ၁၆ လေယာဉ်က ရုရှားတိုက်လေယာဉ်ကို ပစ်ချလိုက်တာလို့ တူရကီက ပြောပါတယ်။ ရုရှားကတော့ တူရကီရဲ့ ပြောဆိုချက်ကို ငြင်းဆိုထားပြီး တူရကီလေပိုင်နက်ကို ကျူးကျော်မ၀င်ရောက်ဘူးလို့ ဆိုပါတယ်။ ဒီလို ပစ်ခတ်မှုကြောင့် ရုရှားနဲ့ တူရကီတို့ အကြား တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up