A d v e r t i s e m e n t With Us

ဆီးရီးယား တိုက်ခိုက်ရေးသမား ရုရှား ရဟတ်ယာဉ်ကို ပစ်ချ (ရုပ်သံ)

ဆီးရီးယား တိုက်ခိုက်ရေးသမားတွေက ရုရှားရဟတ်ယာဉ်ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ ရုပ်သံဖိုင်ကို လိုက်ဖ်လိဒ်ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ အစိုးရထိန်းချုပ်ထားတဲ့နေရာနဲ့ နီးတဲ့ ဆီးရီးယား လတ်တာကီယာခရိုင်မှာ နိုဝင်ဘာ ၂၄ ရက်က ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ဖို့ ကြိုးစားစဉ် အခုလို ပစ်ချခံရတာလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယား လက်နက်ကိုင်အဖွဲ့ကတော့ ရဟတ်ယာဉ်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ဟာ ပေါက်ကွဲသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ ရဟတ်ယာဉ်ဟာ အမြန်ဆင်းသက်နိုင်ခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါ လူအနည်းဆုံး ၁၀ ဦး လောက် ရဟတ်ယာဉ်မပေါက်ကွဲမီ အမြန်ထွက်ပြေးနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။ ရုပ်သံ - liveleak.com

A d v e r t i s e m e n t With Us

More News
Up