မောင်းသူကို ပြန်တိုက်သည့် သုံးဘီးဆိုင်ကယ် (ရုပ်သံ)

4.2K
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂွမ်ကျိုးခရိုင်၊ ဂျင်ဟဲဒေသမှာ လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးသူတဦးကို သုံးဘီးဆိုင်ကယ်တစီးက ၀င်တိုက်မိခဲ့ပါတယ်။
မီးပွိုင့်လူကူးမျဉ်းကြားမှ လမ်းဖြတ်ကူးသူဟာ လမ်းဖြတ်ကူးနေတုန်း အဲဒီသုံး ဘီးဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ပဲ ဖြတ်တိုက်မိခဲ့တာကို နိုဝင်ဘာ ၂၅ ရက်နေ့ စီစီတီဗွီရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါ တယ်။
တိုက်တဲ့အရှိန်ကြောင့် ဆိုင်ကယ်မောင်းသူဟာ ပြုတ်ကျပြီး ဆိုင်ကယ်နောက်ဘီးက သူ့ကို ဖြတ်တိုက်ခဲ့သလို အရှိန်နဲ့ဆက်သွားနေခဲ့လို့ အလျင်အမြန်ပြန်ထပြီး ဆိုင်ကယ်ကို ရပ်တန့်ခဲ့ရတာပါ။
သူဟာ ဆိုင်ကယ်မောင်းနှင်နေစဉ်မှာ အရက်သောက်ထားခဲ့လို့ အရှိန်မထိန်းနိုင် ခဲ့ဘူးလို့ သုံးဘီးဆိုင်ကယ်မောင်းသူက ၀န်ခံလိုက်ပါတယ်။
ရုပ်သံ - စီစီတီဗွီ