A d v e r t i s e m e n t With Us

ရုရှားတိုက်လေယာဉ်ကို တူရကီလေတပ် ပစ်ချ (ရုပ်သံ)

တူရကီ-ဆီးရီးယားနယ်စပ်မှာ ရုရှားတိုက်လေယာဉ်တစင်းကို တူရကီလေတပ်က ပစ်ချလိုက်လို့ ရုရှားသမ္မတ ပူတင်က အပြင်းအထန် ရှုတ်ချလိုက်ပြီး ဒါဟာ အကြမ်းဖက် အားပေးအားမြှောက်တွေက သူ့ကျောကို ဓားနဲ့ထိုးတာလို့ ပြောလိုက်ပါတယ်။ တူရကီလေပိုင်နက်ကို ၀င်ရောက်နေပြီလို့ ရုရှားတိုက်လေယာဉ်ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်ဝင်ရောက်လာလို့ ပစ်ချလိုက်တယ်လို့ တူရကီလေတပ်က ပြောဆိုပေမယ့် ရုရှားကတော့ ဆီးရီးယားနိုင်ငံထဲမှာပဲ ရှိခဲ့တယ်လို့ ပြောပါတယ်။ ရုရှားတိုက်လေယာဉ်မှူး ၂ ဦးကတော့ လေယာဉ်မပျက်ကျခင် လေထီးနဲ့ ခုန်ချနိုင်ခဲ့ပေမယ့် ဆီးရီးယား သူပုန်နယ်မြေထဲကိုပဲ ရောက်ရှိသွားပါတယ်။ ရုရှားလေတပ်က ရဟတ်ယာဉ်တွေနဲ့ လိုက်ရှာနေပေမယ့် လေယာဉ်မှူးတဦးကတော့ သေဆုံးပြီလို့ ယုံကြည်ရတဲ့ အင်တာနက်ပေါ် တက်လာပြီး ကျန်တဦး အခြေအနေကတော့ မသိရသေးပါဘူး။ သူတို့ မြေပြင်အရောက်မှာ သူပုန်တွေက ပစ်ခတ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီပစ်ချမှုကြောင့် ရုရှားနဲ့ တူရကီနိုင်ငံရဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေမယ်လို့ သမ္မတ ပူတင်က သတိပေး ပြောဆိုပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်ရဲ့ တူရကီ ခရီးစဉ်ကိုလည်း ဖျက်လိုက်ပါတယ်။ ဒီရုရှားတိုက်လေယာဉ် ပစ်ချခံရတာနဲ့ ပတ်သက်ပြီး နေတိုးက အထူးအစည်းအဝေး ကျင်းပခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up