ဘိုင်ယန်မြူးနစ် ၄-၀ အိုလံပီယာကော့စ် (ရုပ်သံ)

1.3K
နိုဝင်ဘာ ၂၅ ရက် ချန်ပီယံလိဂ် အုပ်စု (စ)မှာတော့ ဂျာမနီဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်က ဂရိ အိုလံပီယာကောစ့်ကို ၄ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၈ မိနစ်မှာ ဘိုင်ယန်အတွက်အဖွင့်ဂိုးကို ကော့စတာက သွင်းယူခဲ့ပါတယ်။
ဒီနောက် ၁၆ နဲ့ ၂၀ မိနစ်မှာ လီဝမ်ဒေါ့စကီးနဲ့ မူလာတို့က သွင်းယူပြီး ပထမပိုင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း ၆၉ မိနစ်မှာ ကိုးမန်းက စတုတ္ထဂိုးသွင်းယူပြီး ဘိုင်ယန်မြူးနစ်တို့ ၄ ဂိုး ဂိုးမရှိနဲပ အနိုင်ရရှိသွားတာဖြစ်ပါတယ်။
ဒီပွဲမှာ ဘိုင်ယန်အသင်းက တယောက်အနီကတ်ပြ အထုတ်ခံရပေမယ့်လည်း အိုလံပီယာကော့စ်ကို အနိုင်ကစားသွားတာ ဖြစ်ပါတယ်။၏
ဒီပွဲနိုင်တဲ့အတွက် ဘိုင်ယန်က ၅ ပွဲကစား ၁၂ မှတ်နဲ့ အုပ်စု ပထမ၊ အိုလံပီယာကော့စ်က ၅ ပွဲကစား ၉ မှတ်နဲ့ ဒုတိယ ရပ်တည်နေပါတယ်။