A d v e r t i s e m e n t With Us

ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ဖမ်းဆီးထားသူ ၂ ဦးကို ထိုင်းစစ်ခုံရုံးတွင် စွဲချက်တင်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့ သြဂုတ်လက ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့သူ ၂ ဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ထိုင်းစစ်ခုံရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။ လူသတ်မှု အပါအ၀င် စွဲချက် ၁၀ ခု စစ်ခုံရုံးတင်ထားပြီး အကြမ်းဖက်မှုနဲ့တော့ မပါဝင်ပါဘူး။ အဲဒီ ဘန်ကောက်မြို့လယ်နတ်ကွန်း ဗုံးဖောက်ခွဲမှုမှာ လူ ၂၀ သေဆုံးခဲ့ပြီး နိုင်ငံခြားသား ၁၄ ဦး ပါဝင်ပါတယ်။ သူတို့ ၂ ဦးကို စွဲဆိုထားတဲ့ အမှုတွေမှာ ကြိုတင်ကြံရွယ်ပြီး လူသတ်မှု၊ တရားမ၀င် လက်နက်ပိုင်ဆိုင်မှု၊ လူသတ်မှု စတဲ့စွဲချက်တွေ ပါဝင်တယ်လို့ သူတို့ ရှေ့နေတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သူတို့ကို ဖမ်းဆီးထားတာ အခုဆိုရင် ၃ လလောက်ရှိပြီဖြစ်ပြီး သူတို့တွေဟာ တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်းကျန်းဒေသခံ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီနိုင်ငံအနောက်ပိုင်းက ယဉ်ကျေးမှုနဲ့ ဘာသာမတူတဲ့ ရှင်းကျန်းဒေသခံတွေအပေါ်မှာ အပြင်းအထန် ကန့်သတ်ချုပ်ချယ်တာတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အမျိုးမျိုး ပြစ်တင်ဝေဖန်ခံနေကြရတာပါ။ မကြာခင်ကလည်း ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ ရှင်းကျန်းဒေသခံ ၁၀၀ ကျော်ကို တရုတ်နိုင်ငံကို အတင်းအကျပ် ပြန်ပို့လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိ ထိုင်းအစိုးရရဲ့ လူသားချင်းစာနာမှု မူဝါဒတွေအပေါ် နိုင်ငံတကာက အရေးထား စောင့်ကြည့်နေကြပါတယ်။ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ဦးကို ဖမ်းဝရမ်းထုတ်ထားပေမယ့် သူတို့တွေဟာ တယောက်မှ ထိုင်းနိုင်ငံထဲမှာ မရှိတော့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ယုံကြည်နေကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ အဲဒီနတ်ကွန်းမှာ ပစ်မှတ်ထား ဗုံးဖောက်ခွဲတယ်ဆိုတာလည်း အခုအထိ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up