A d v e r t i s e m e n t With Us

အာဆင်နယ်အသင်း ဒိုင်နမိုဇာဂရက်ကို ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ အုပ်စု (စ) ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်က ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အာဆင်နယ် အဲမရိတ်ကွင်းမှာ ကစားတဲ့ပွဲမှာ ပထမပိုင်း ပွဲချိန် ၂၉ မိနစ်မှာ အိုဇေးက အာဆင်နယ်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒီနောက် ၃၃ မိနစ်နဲ့ ၆၉ မိနစ်တွေမှာ ဆန်းချက်ဇ် တဦးတည်း ၂ ဂိုး သွင်းယူခဲ့တဲ့အတွက် အာဆင်နယ်အသင်း ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အသင်း ၂ သင်း ဘောလုံးပိုင်ဆိုင်မှု ကွာဟချက် မရှိခဲ့ပေမယ့် အာဆင်နယ်က ရတဲ့အခွင့်အရေးကို အသုံးချနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် အာဆင်နယ်အသင်းက ၅ ပွဲကစား ၆ မှတ်နဲ့ အုပ်စု တတိယ၊ ဇာဂရက်ကတော့ ၅ ပွဲကစား ၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up