A d v e r t i s e m e n t With Us

လေကြောင်းပိုင်နက် ချိုးဖောက်သည့် တိုက်လေယာဉ် တူရကီပစ်ချ (ရုပ်သံ)

တူရကီနယ်စပ်မှာ လေကြောင်းပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာတဲ့ တိုက်လေယာဉ် တစင်းကို တူရကီ အက်ဖ် ၁၆ တိုက်လေယာဉ်က ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ တိုက်လေယာဉ် ဘယ်နိုင်ငံကလဲဆိုတာ မသိရသေးပေမယ့် လေယာဉ်မှူး ၂ ဦးကတော့ လွတ်မြောက်သွားတယ်လို့ ရုရှားသတင်းမှာ ဖော်ပြပါတယ်။ တိုက်လေယာဉ် ပစ်ချခံရတဲ့ နေရာမှာတော့ မီးခိုးလုံးတွေ ထွက်လာတယ်လို့ မျက်မြင်သက်သေတွေက လူမှုရေးကွန်ရက် မီဒီယာတွေပေါ်မှာ ရေးသားပါတယ်။ လေယာဉ်ကို မပစ်ချမီ သတိပေးခဲ့တယ်လို့ တူရကီ စစ်တပ်အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up