A d v e r t i s e m e n t With Us

ရန်​ကုန်​ လျှပ်​စစ်​ဓာတ်​အားကွန်​ရက် ​ချဲ့မည်

ဓာတ်ပုံ - dealstreetasia
ရန်​ကုန်​မြို့မှာ လျှပ်​စစ်​ဓာတ်​အား မပြတ်​​တောက်​ဘဲ လုံလုံ​လောက်​​လောက်​ရဖို့ ၂၃၀ ကီလိုဗို့အထိ တိုးမြှင့်​ပို့လွှတ်​နိုင်​​ရေးအတွက်​ အာရှဖွံ့ဖြိုး​ရေးဘဏ်​က အမေရိကန်​ဒေါ်လာ သန်း ၈၀ ​ချေးမယ်​လို့ ထုတ်​ပြန်​ပါတယ်​။ လက်​ရှိမှာ ၆၆ ကီလိုဗို့ ပို့လွှတ်​​နေတဲ့ သီတာ - သာ​ကေတ - ကျိုက္ကဆံ ဓာတ်​အားလိုင်းကို အဆင့်​မြှင့်​တင်​ပြီး ​တောင်​ဥက္ကလာပနဲ့ အ​နောက်​ပိုင်းတက္ကသိုလ်​မှာ ဓာတ်​အားခွဲရုံ ၂ ရုံ တည်​​ဆောက်​သွားမှာပါ။ ဒီစီမံကိန်းက အလုံ၊ သာ​ကေတ၊ ​တောင်​ဥက္ကလာ၊ ​လှော်​ကား၊ ​မြောင်းတကာ၊ အ​နောက်​ပိုင်းတက္ကသိုလ်​နဲ့ လှိုင်​သာယာတို့ကို လွှမ်းခြုံနိုင်​ပြီး ဓာတ်​အားသုံးစွဲသူ ၁ သန်း​လောက်​ကို အကျိုးဖြစ်​​စေမယ်​လို့ ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြထားပါတယ်​။ ဒီစီမံကိန်းအတွက်​ မြန်​မာအစိုးရကလည်း အ​မေရိကန်​​ဒေါ်လာ ၃ ဒသမ ၃ သန်း ထည့်​ဝင်​မှာဖြစ်​ပြီး ၂၀၁၉ ခုနှစ်​ ဇွန်​လမှာ ပြီးစီးမှာ ဖြစ်​ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up