ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ် ၄၀၀ ကျော် ရုရှားလေကြောင်း တိုက်ခိုက် (ရုပ်သံ)

11.3K
ဆီးရီးယားနိုင်ငံက အစ္စလာမ္မစ် နိုင်ငံတော် (အိုင်အက်စ်) ပစ်မှတ် ၄၇၂ ခုကို နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အကြိမ် ၁၄၁ ကြိမ် ပျံသန်းပြီး ရုရှားလေတပ်က တိုက်ခိုက်ခဲ့ပါတယ်။
ဒီလို တိုက်ခိုက်ခဲ့တာကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ရုပ်သံမှတ်တမ်းကိုလည်း ဖြန့်ချိ လိုက်ပါတယ်။
ဒီရုပ်သံမှာ ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်နေတာ အသေးစိတ် မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။
ရုရှားပိုင် လေကြောင်းလိုင်းကို အိုင်အက်စ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ ဆီးရီးယားက အိုင်အက်စ်တပ်ဖွဲ့တွေကို ရုရှားက လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။