ဂျာမနီ-ဘယ်လ်ဂျီယံ နယ်စပ်တွင် ဂျာမန်ရဲများ တင်းတင်းကျပ်ကျပ် စစ်ဆေး

ဓာတ်ပုံ - ရိုက်တာ
1.2K
ဂျာမနီ-ဘယ်လ်ဂျီယံနယ်စပ်မှာ ဂျာမန်ရဲတွေက ဘယ်လ်ဂျီယံနိုင်ငံက ရောက်လာတဲ့ ကားအားလုံးကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ စစ်ဆေးခဲ့ပါတယ်။
ပါရီတိုက်ခိုက်မှုအပြီး ၁၀ ရက်အကြာ ထွက်ပြေးလွတ်မြောက်နေဆဲ အစ္စလာမ္မစ် စစ်သွေးကြွလို့ သံသယရှိသူကို ရှာနေတာလည်း ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ပြင်သစ်တိုက်ခိုက်မှုလိုမျိုး တိုက်ခိုက်မှု ဖြစ်နိုင်ချေအတွက် သတိပေးထားဆဲပါ။
နိုဝင်ဘာ ၁၃ တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း ပြင်သစ်ကနေ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ကို ပြန်လာတဲ့ အရက်ဆိုင်ပိုင်ရှင် ဆာလေး အဘ်ဒယ်စလမ်ကိုလည်း ရှာနေဆဲပါ။
နိုဝင်ဘာ ၂၂ ရက်နေ့က စီးနင်းမှု ၂၂ ကြိမ်အတွင်း လူ ၁၆ ဦးကို ဖမ်းနိုင်ခဲ့ပါတယ်။
အဘ်ဒယ်ဆလမ်နဲ့ ညီအစ်ကိုတော်သူဟာ ပါရီမြို့ စီးနင်းမှုမှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပေမယ့် အဘ်ဒယ်ဆလမ်ကိုတော့ ရဲတွေက ရှာမတွေ့ခဲ့ပါဘူး။
ဘရပ်ဆဲလ်နဲ့ လိဂ်ျရှ်ဒေသတွေအတွင်း နိုဝင်ဘာ ၂၃ ရက် အစောပိုင်းက အိမ် ၇ လုံးကို ရှာဖွေပြီး လူ ၅ ဦး ဖမ်းခဲ့ပါသေးတယ်။
ဘယ်လ်ဂျီယံနိုင်ငံအတွင်း တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ဘူတာရုံတွေ၊ ပြတိုက်တွေ၊ ရုပ်ရှင်ရုံအများစုနဲ့ ဆိုင်တွေအများအပြားကို နိုဝင်ဘာ ၂၃ ကနေ ၂၅ ရက်နေ့ထိ ပိတ်ထားဖို့ လုံခြုံရေးအတွက် အဆင့်အမြင့်ဆုံး တပ်လှန့်ထားပါတယ်။
ဥရောပသမဂ္ဂရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ ဝန်ထမ်းအများအပြားဟာ အိမ်ကနေ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။