Home
မေးမြန်းခန်း
ရိုက်နှက်ညှဉ်း​ပန်း​ခံခဲ့​ရသည့်​ ​မောင်ထိပ်ကွက်နှင့်​ ​မေး​မြန်း​ခန်း
နော်နိုရင်း
·
July 7, 2011
ဧရာဝတီတိုင်း​ ဟင်္သာတမြို့​မှာ လျှပ်စစ်မီး​ပူနဲ့​ထိုး​တာအပါအဝင် အပြင်း​အထန်နှိပ် စက်ခံရလို့​ ဒဏ်ရာ​တွေနဲ့​ ​ဆေး​ရုံတက်ရတဲ့​ ၉ နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်​လေး​အတွက် ​ရှေ့​နေ ​မောင်​မောင်ကြည်ဝင်း​က လိုက်ပါ​ဆောက်ရွက် ​ပေး​နေတယ်လို့​ သိရပါတယ်။ မောင်ထိပ်ကွက် အရိုက်အနှက်ခံရတာနဲ့​ပတ်သက်လို့​ ရိုက်နက်သူ you and me လက်ဖက်ရည်ဆိုင်ရှင်သမက် ကိုစနိုး​ကို ဒီ​နေ့​ စစ်​ဆေး​တယ်လို့​ သိရပါတယ်။ မ​နေ့​က​တော့​ ဒီအမှုကို ​ကျေ​အေး​ပေး​ဖို့​ ကိုစနိုး​ မိသား​စုဝင်​တွေက ​မောင်ထိပ်ကွက်ရဲ့​ အုပ်ထိန်း​သူ​တွေကို ​ငွေ ၅ သိန်း​နဲ့​ ​ကျေ​အေး​ခိုင်း​ပါတယ်။ ​မောင်ထိပ်ကွက်ကိုယ်တိုင် မ​ကျေ​အေး​တဲ့​အတွက် ဒီ​နေ့​ ကိုစနိုး​ကို ဆက်လက်စစ်​ဆေး​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။ မောင်ထိပ်ကွက်ဟာ ဒဏ်ရာအနည်း​ငယ်သက်သာသွား​ပြီဖြစ်​ပေမယ့်​ ဗိုက်မှာ မီး​ပူနဲ့​ထိုး​ခံရတဲ့​ ဒဏ်ရာမ​ပျောက်​သေး​ဘူး​ ဖြစ်​နေပါတယ်။ က​လေး​ငယ်ဟာ ဟင်္သာတမြို့​နယ် က​နောင်စုရပ်ကွက် ပိ​တောက်လမ်း​သွယ်ရှိ အ​ဒေါ်ဖြစ်သူ မစမ်း​ဌေး​အိမ်မှာ လက်ရှိတည်း​ခို​နေပြီး​ အနာ​တွေ​ပျောက်ကင်း​အောင် အ​ဒေါ်ဖြစ်သူ​တွေက ကူညီ​ပေး​နေပါတယ်။ ညှဉ်း​ပန်း​နှိပ်စက်ခံခဲ့​ရတာနဲ့​ပတ်သက်လို့​ ​မောင်ထိပ်ကွက်ကို ​မေး​မြန်း​ထား​ပါတယ်။ ဟဲလို သား​သား​လေး​ ​နေ​ကောင်း​လား​။ “​ကောင်း​တယ်။” သား​လေး​နာမည် ဘယ်လို​ခေါ်လဲ။ “စိုး​ထက်​အောင်” စိုး​ထက်​အောင် ​နောက် နာမည်တခု ရှိ​သေး​တယ် ဟုတ်လား​။ “ထိပ်ကွက်။” သား​က အခု အသက် ဘယ်နှနှစ်ရှိပြီလဲ။ “၉ နှစ်။” အခု သား​က ဘယ်မှာ ​နေလဲ။ “အ​ဒေါ်တို့​အိမ်မှာ အ​ဒေါ်မသန်း​ဌေး​။” သား​မေ​မေ ​ဖေ​ဖေ​ကော ရှိလား​။ “အ​မေအ​ဖေ ​သေသွား​ပြီ။” သား​သား​က ​ဒေါ်​လေး​နဲ့​ ​နေတာ​ပေါ့​။ “ဟုတ်” အခု သား​သား​က ​ကျောင်း​တက်​သေး​လား​။ “​ကျောင်း​ပြန်တက်မယ်။” သား​က ဘယ်နှစ်တန်း​အထိ ​ကျောင်း​တက်ခဲ့​လဲ။ “၂ တန်း​ကတည်း​က ​ကျောင်း​ထွက်လိုက်တယ်။” သား​က အခု ယူအန်မီ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုတာ ဟုတ်လား​။ “ဟုတ်ကဲ့​” သား​သား​ကို ဘယ်သူက သွင်း​ပေး​တာလဲ။ “သူက သား​ကို အတင်း​ပဲ ​ခေါ်လာခဲ့​တာ။ ၁ လကို ၁ ​သောင်း​ခွဲ ​ပေး​မယ် ဆိုပြီး​တော့​၊​ သား​က မလုပ်ပါဘူး​ဆို သား​ကို အတင်း​ကြီး​ ​ခေါ်သွား​တယ်။ သူက သား​ကို တ​နေ့​ ၂၀၀ ပဲ ​ပေး​တယ်။” အဲဒီ ရတဲ့​ ၂၀၀ ကို သား​သား​ ဘယ်သူ့​ကို ​ပေး​လဲ။ “သား​ မုန့်​ဝယ်စား​တယ်။” အဲဒီ​တော့​ သား​က ဘယ်လို အလုပ်မျိုး​ကို လုပ်ရတာလဲ။ “သူက လူ​တွေဘာ​တွေ ​ခေါ်ခိုင်း​တယ်။” လူ​ခေါ်ခိုင်း​တော့​ သား​သား​ ဘာလုပ်ရလဲ။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ သား​သား​ ဘာလုပ်ရလဲ။ “လက်ဖက်ရည်​တွေ ဘာ​တွေ မှာ​ပေး​ရတယ်။” အဲဒီဆိုင်မှာ သား​သား​ လုပ်ရတာ ​ပျော်လား​။ “မ​ပျော်ဘူး​။” သား​သား​ကို ဘယ်သူက ရိုက်တာလဲ။ “အဲဒီ စနိုး​က သား​ကို ရိုက်တာ။” သူက ဘာဖြစ်လို့​ ရိုက်တာလဲ။ “သား​က အဲဒီဆိုင်မှာ မ​နေချင်လို့​ ထွက်သွား​တာ။ သား​ကို ဘူတာလိုက်​ခေါ် ပြီး​တော့​ ရိုက်တာ။ သူ့​မိန်း​မနဲ့​ သူတို့​ လင်မယား​ ၂ ​ယောက် ဆိုင်ကယ်​ပေါ် ခွထိုင်ပြီး​ ​ခေါ်သွား​တယ်။” သား​သား​က သူ့​ခွေး​ကို သွား​ရိုက်လို့​ဆို။ “သား​က သူ့​ခွေး​ကို မရိုက်ဘူး​၊​ သား​ကုတ်​ပေါ်တက်လို့​ ဖြည်း​ဖြည်း​ပဲ သား​က ရိုက်ချလိုက်တာ။” သား​သား​က ရိုက်ချ​တော့​ သူက သား​သား​ကို ဘယ်လို ပြန်ရိုက်လဲ။ “သား​ကို စရိုက်တုန်း​က ​နောက်ပြန်မီး​ကြိုး​နဲ့​ အရင်တုပ်တယ်။ တုပ်လည်း​ တုပ်ပြီး​ရော မီး​ကြိုး​က အိကျပြီး​သွား​တော့​ ဆိုက်ကား​တွေ ဘာ​တွေ ချည်တဲ့​ ကြိုး​အထူ​ကြီး​နဲ့​ သား​ကို ​နောက်ပြန်တုပ်ပြီး​တော့​ မာလကာကိုင်း​နဲ့​ ရိုက်တာ” သား​သား​ကို မီး​ပူနဲ့​လည်း​ ထိုး​တယ်ဆို။ “မီး​ပူနဲ့​ မာလာကိုင်း​နဲ့​ သံချွန်​တွေနဲ့​လည်း​ ထိုး​တယ် သား​ကို။ သွပ်ကြိုး​ကို မီး​ခြစ်နဲ့​ ရှို့​ပြီး​တော့​ သား​ကို တို့​တယ်။ ​ရေနံဆီနဲ့​ မီး​ပူနဲ့​ မီး​ခြစ်နဲ့​ ရှို့​ပြီး​တော့​ သား​ကို တို့​တယ်။ ​နောက်ပြီး​တော့​ ခွကို မီး​ရှို့​ပြီး​တော့​ တို့​တယ်။ ​နောက်ပြီး​တော့​ အ​အေး​သောက်တဲ့​ ပိုက်လုံး​လေး​ မီး​ရှို့​ပြီး​တော့​ တို့​တယ်။ ​နောက်ပြီး​တော့​ သူ​ကျွေး​တဲ့​ ​ခွေး​ချေး​ကို သား​စား​ရတယ်၊​ မျိုရတယ်။” အဲဒီ​တော့​ သား​ကိုလည်း​ သူ ​ခွေး​ချေး​ကျွေး​သေး​တယ်။ “ဟုတ်၊​ ​ခွေး​ချေး​ကျွေး​တယ်၊​ ​ခွေး​ချေး​ကျွေး​ပြီး​မှ သား​ကို ထုပ်တန်း​ ဆွဲထား​တုန်း​မှာ မီး​ပူနဲ့​ ထိုး​ပြီး​မှ သူ့​မိန်း​မကပါ ရိုက်တယ်။ သူ့​မိန်း​မက သူ့​ယောကျာ်း​ရိုက်ပြီး​မှ သား​ကို ဆက်ရိုက်တယ်။ ​နောက်ပြီး​တော့​ သား​ကို တညလုံး​ ရိုက်တယ်” ကြိုး​နဲ့​လည်း​ ချည်ထား​တယ်ဆို​တော့​ ဘယ်အချိန်မှာ ပြန်ဖြည်​ပေး​လဲ။ “မနက်ကျ​တော့​ သူ့​ယောက်ျား​က ဖြည်​ပေး​တယ်။” မနက်ဖြည်​ပေး​တော့​ သား​သား​ ဘယ် ထွက်​ပြေး​လဲ။ “ထွက်မ​ပြေး​ဘူး​။ အဲဒီမှာ ၂ ရက်​လောက် ​နေ​သေး​တယ်။ ၂ ရက်​လောက် ​နေပြီး​မှ အနာ​တွေ ကိုက်ခဲလို့​ ဆိုပြီး​ သား​ကို ပရုတ်ဆီ​တွေ ဘာ​တွေလူး​ပေး​တယ်။ ပရုတ်ဆီ လူး​ရင် ပိုဆိုး​တော့​ သား​ထွက်​ပြေး​တာ။ ဘေးနားက​အိမ် သွား​ပုန်း​နေတာ။” သား​သား​ကို ရိုက်ပြီး​တော့​ အနာ​တွေဘာ​တွေ ရ​တော့​ သူက ​ဆေး​မကု​ပေး​ဘူး​လား​။ “ကု​ပေး​တယ် ​ဆေး​ရုံတင်​ပေး​တယ်။” အခု သား​သား​ ​ဆေး​ရုံတက်ရတယ်ဆို အဲဒါ သား​သား​ကို ဘယ်သူ လိုက်ပို့​လဲ။ “ဆိုက်ကား​တွေ ဘာ​တွေ ငှား​ပြီး​တော့​ လိုက်ပို့​တယ်။” ဘယ်သူက ဆိုက်ကား​ငှား​ပြီး​တော့​ လိုက်ပို့​တာလဲ။ “အဲဒီမှာ အမှတ် ၁ စခန်း​က ဗိုလ်​လေး။ သား​ကို ဓာတ်ပုံ​တွေ ဘာ​တွေ ရိုက်ပြီး​ အမှုဖွင့်​ပြီး​တော့​ သား​ကို လိုက်ပို့​တာ။” သား​သား​ ဘယ်နှရက်​ဆေး​ရုံမှာ ​နေခဲ့​ရလဲ။ “၆ ရက်” အဲဒီမှာ ၆ ရက်​လောက် ​နေ​တော့​ ဘယ်သူက သား​သား​ကို ပြုစု​ပေး​လဲ။ “စနိုး​အ​မေက ပြုစု​ပေး​တယ်။ စနိုး​အ​မေက အကုန်ခံ​တော့​မှ အဲဒီကလူ​တွေ ထမင်း​လည်း​ လာမပို့​တော့​ဘူး​။ အ​ဒေါ်​တွေကလည်း​ ​စောင့်​ပေး​တယ်၊​ ထမင်း​လည်း​ လာပို့​ပေး​တယ်။” အခု သား​သား​ ​ဆေး​ရုံဆင်း​လာ​တော့​ သား​သား​အနာ သက်သာသွား​ပြီလား​။ “​ကျောကုန်း​တွေ နည်း​နည်း​တော့​ သက်သာသွား​တယ်။ ဒီဘက် ဗိုက်​ဘေး​နာက ဥစ္စာ ပိုဆိုး​နေတယ်။” ဆေး​တွေ ဘာ​တွေ​ကော ဘယ်သူမှ ထည့်​မ​ပေး​ဘူး​လား​။ “အ​ဒေါ်​တွေက ထည့်​ပေး​တယ်၊​ ​ဆေး​ရုံက ​ပေး​တဲ့​ ​ဆေး​တွေ။” သား​သား​ကို အဲဒီလိုမျိုး​ ရိုက်တုန်း​က သား​သား​အော်​သေး​လား​။ သူက သား​သား​ကို ပါး​စပ်ပိတ်ထား​လား​ ဘယ်လိုမျိုး​လဲ။ “ထုပ်တန်း​မှာ မီး​ပူနဲ့​ တို့​တုန်း​က သား​အော်တယ်။ ကြိုး​နဲ့​ မာလကာကိုင်း​နဲ့​ ရိုက်တုန်း​က ပါး​စပ်ကို အဝတ်ဆို့​ပြီး​တော့​ ဆိုက်ကား​တွေ ဘာ​တွေ ချည်တဲ့​ ကြိုး​နဲ့​ ပိတ်ထား​တယ်။” သား​ကို ရိုက်တဲ့​လူက အခု အဖမ်း​ခံထား​တယ်ဆို ဟုတ်လား​။ “ဟုတ်ကဲ့​” သား​သား​ကို အခု ပိုက်ဆံ ၅ သိန်း​ပေး​ပြီး​တော့​ သူ့​ကို လွှတ်ခိုင်း​မယ်ဆို သား​သား​က သူ့​ကို ခွင့်​လွှတ်မှာလား​။ “ခွင့်​မလွှတ်နိုင်ဘူး​ သား​ အနာ​ပျောက်တဲ့​အထိ ခွင့်​ မလွှတ်နိုင်ဘူး​။” ဆို​တော့​ သား​သား​ ဘယ်လို ဖြစ်ချင်လဲ သူ့​ကို။ “​ထောင်ကျ​စေချင်တယ်” အခု အဲဒီလက်ဖက်ရည်ဆိုင်ကို ပြန်သွား​ရမယ်ဆိုရင် သား​သား​ ပြန်သွား​မှာလား​။ “မသွား​ဘူး​၊​ အ​ဒေါ်တို့​ အိမ်မှာပဲ ​နေမယ် ​ကျောင်း​တက်ရမယ်။” အခု ရဲက​ကော သား​သား​ကို ဘယ်လို အမှုနဲ့​ ဆက်ပြီး​ စွဲ​ပေး​လဲ။ “သူက သား​မွေး​စား​ ပ​ထွေး​နဲ့​ အ​ဒေါ်​တွေနဲ့​ အမှုဖွင့်​ပေး​တယ်။ အမှုဖွင့်​တုန်း​က သား​ကို ရဲ​တွေက မုန့်​တွေဘာ​တွေ ဝယ်​ကျွေး​တယ်။ မ​နေ့​က တရား​ရုံး​ကို သွား​တာ။” သား​သား​ ဘာ​ပြောခဲ့​သေး​လဲ တရား​ရုံး​ကို။ “တရား​ရုံး​မှာ သား​ကိုလုပ်ခဲ့​တာ​တွေ အကုန်ထည့်​ပြောတယ်။ ​ခွေး​ချေး​ကျွေး​တဲ့​ ဥစ္စာ​တွေ​ရော၊​ သံချွန်နဲ့​ တို့​တာ​တွေ၊​ မီး​ပူနဲ့​တို့​တာ၊​ သား​ကို မီး​ချွန်နဲ့​တို့​တာ​တွေ​ရော ​နောက်ပြီး​တော့​ ပိုက်လုံး​မီး​ရှို့​ပြီး​ တို့​တာ​တွေ​ရော အကုန်ထည့်​ပြောတယ်။” သား​သား​ကို အဲဒီလိုမျိုး​ လုပ်တဲ့​အချိန်မှာ​လေ သူ အရက်မူး​လား​။ “အရက်​သောက်တယ်။ သူ့​မိန်း​မကို ၅ ချက်ရိုက်စမ်း​ မီး​တဲ့​။ သူ့​ကို ၅ ချက်​လောက် ရိုက်စမ်း​တဲ့​။ မီး​ရိုက်တာ မနာဘူး​၊​ ကိုယ်ရိုက်တာ နာတယ်တဲ့​။ ​နောက်ပြီး​တော့​ ဆက်တိုက်ဆက်တိုက် ရိုက်တယ်။ သား​က ​အော်လည်း​ ​အော်တယ်။ သူ့​ယောကျာ်း​ကလည်း​ ရိုက်တယ်။” တရား​ရုံး​က​နေပြီး​တော့​ သား​သား​ကို ရိုက်တဲ့​လူကို အပြစ်ဘယ်လို ​ပေး​စေချင်လဲ သား​သား​အ​နေနဲ့​။ “​ထောင်ထဲမှာ အကြာကြီး​ ချုပ်ထား​ချင်တယ်။” သူက သား​သား​ကို ပိုက်ဆံအများ​ကြီး​ ​ပေး​ပြီး​တော့​ သူ့​ကို လွှတ်ပါလို့​ ​ပြောရင်​ကော သား​သား​ လွှတ်​ပေး​မှာလား​။ “သား​ လွှတ်မ​ပေး​ဘူး​၊​ ​ကျေ​အေး​လက်မှတ်လည်း​ မထိုး​ဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024