A d v e r t i s e m e n t With Us

အနီကတ် ၂ ကတ် ပြခဲ့သည့် ထိုင်းဒိုင်လူကြီးကို ပွဲအပြီး ပရိသတ်တိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ ဒုတိယတန်း ဘောလုံးပြိုင်ပွဲအဖြစ် စေတန်ယူနိုက်တက်နဲ့ ခွန်ကန်ယူနိုက်တက်အသင်းတို့ ကစားတဲ့ပွဲမှာ ခွန်ကန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒါပေမယ့် ဘောလုံးပွဲက မပြီးသွားဘဲ စေတန် ပရိသတ်တွေက ပွဲအပြီး ကွင်းထဲကို ၀င်ရောက်ကာ ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့ပါတယ်။ ဒိုင်လူကြီး ပီချစ်သောင်ချန်မွန်းက ပွဲကစားနေစဉ် ကစားသမား ၂ ဦးကို အနီကတ် ပြခဲ့တာကို ပရိသတ်တွေက ဒေါသထွက်ခဲ့တာပါ။ ဒေါသထွက်နေတဲ့ လူအုပ်တွေက ဒိုင်လူကြီးကို အမိဖမ်း ၀ိုင်းရံခဲ့ပြီး မတော်မတရား ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ၀န်ခံပြောဆိုခိုင်းခဲ့ပါတယ်။ လူအုပ်ရှေ့မှာ တစုံတဦးရဲ့ ဖိအားကြောင့် ပွဲကို မမှန်မကန်ဖြစ်အောင် ဆုံးဖြတ်လိုက်ရတယ်လို့ ဒိုင်လူကြီးက ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်မှာတော့ ဆုန်ခလာဟိုတယ်မှာ ဒိုင်လူကြီး ပီချစ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ပြောဆိုချက်တွေဟာ လူ ၂၀၀ လောက်က ၀ိုင်းထားပြီး အတင်းအကျပ် ပြောကြားခိုင်းတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ပြီး ပြောဆိုခဲ့တာဖြစ်ကြောင်း၊ အနီကတ်ပြတာကလည်း မျှမျှတတ ပြသခဲ့တာဖြစ်ကြောင်း သူက ဆိုပါတယ်။ ပွဲအပြီးမှာ ထိုးကြိတ်ခံရသလို ခေါင်းကိုလည်း ရိုက်နှက်ခံရပြီး သတိမေ့သွားတယ်လို့ သူက ပြောပါတယ်။ ထိုင်းဘောလုံးအဖွဲ့ချုပ်က စေတန်အသင်းကို အိမ်ကွင်း ၂ ပွဲ ကစားခွင့် ပိတ်ပင်ခဲ့ပြီး ဘတ် ၁ သိန်း ဒဏ်ရိုက်ခဲ့ပါတယ်။ ရုပ်သံ - ဘန်ကောက်ပို့စ်

A d v e r t i s e m e n t With Us

More News
Up