A d v e r t i s e m e n t With Us

အိန္ဒိယ ရဟတ်ယာဉ်ပျက်ကျ၊ အမျိုးသမီး ရဟတ်ယာဉ်မှူးနှင့် ခရီးသည် ၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ကက်ရှ်မာပြည်နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ရဟတ်ယာဉ်တစင်း ပျက်ကျပြီး အမျိုးသမီး ရဟတ်ယာဉ်မှူးနဲ့ ခရီးသည် ၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ ရှေးအကျဆုံး ဟိန္ဒူဝတ်ပြု ဘုရားကျောင်းတွေထဲက တခုဖြစ်တဲ့ ဗက်ရှ်နိုဒက်ဗီ ဘုရားကျောင်းကအပြန် ကက်ထရာမြို့မှ ပျံသန်းထွက်ခွာစဉ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရဟတ်ယာဉ်ပျက်ကျချိန်မှာ ရာသီဥတု အခြေအနေဟာ မြူထူထပ်စွာ ကျနေခဲ့တယ်လို့ သက်ဆိုင်ရာ  တာဝန်ရှိသူတွေက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ၃ လသားအရွယ် ကလေးငယ်တဦး အပါအ၀င် ခရီးသည်အားလုံး သေဆုံးခဲ့တာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ တယောက်မှ မရှိဘူးလို့ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up