A d v e r t i s e m e n t With Us

ဘလတ္တာနှင့် ပလာတီနီ အပြစ်ရှိပါက ၇ နှစ်ထိ အပယ်ခံရနိုင်

ဓာတ်ပုံ - ရိုက်တာ
ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့ ဒုတိယဥက္ကဋ္ဌတို့ဟာ အကျင့်ပျက်ခြစားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရပါက အနည်းဆုံး ၇ နှစ်အထိ ဘောလုံးလောကကနေ အပယ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ စာချုပ်စာတမ်းမရှိဘဲ ပေါင် ၁ ဒသမ ၃၅ သန်း ဘလတ္တာက ပလာတီနီကို ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို သူတို့ ၂ ဦး ရင်ဆိုင်နေရတာဖြစ်ပြီး ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စစ်ဆေးနေပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်တဲ့ စီရင်ချက်ကို ခရစ္စမတ်မှာ ချမှတ်မှာလည်း ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ မှားယွင်းတဲ့ စာရင်းဇယား၊ စီမံခန့်ခွဲမှု၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အပေါ်မှာလည်း အရေးယူခံရနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ ၂ ဦးဟာ ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up