ဆန်းဒါးလန်း ပထမဆုံး အဝေးကွင်းနိုင်ပွဲရ (ရုပ်သံဟိုက်လိုက်)

4.5K
နိုဝင်ဘာ ၂၃ ရက်က ကစားသွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆန်းဒါးလန်းက ခရစ္စတယ်လ်ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ပထမဆုံး အဝေးကွင်းနိုင်ပွဲ ရရှိသွားပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေ ဖြစ်နေသလို ဒုတိယပိုင်းမှာလည်း ဂိုးမရှိသရေနဲ့ အဆုံးသတ်မယ်လို့ ထင်မှတ်ထားပေမယ့် မိနစ် ၈၀ မှာ ဂျာမိန်းဒီဖိုးက ဆန်းဒါးလန်းအတွက် ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်ကလည်း ဆန်းဒါးလန်းအသင်း အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။
ပဲလေ့စ်အသင်းက ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း ဂိုးမသွင်းယူနိုင်တဲ့အတွက် ရှုံးနိမ့်သွားခဲ့ရပါတယ်။
ဒီပွဲအနိုင်ကြောင့် ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၁၈ နေရာမှာ ရပ်တည်နေသလို ပဲလေ့စ်ကတော့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။