Wednesday, May 31, 2023
HomeLead Storyစစ်ပွဲတွေရပ်ဖို့ အလွှာအသီးသီးစုပေါင်းပြီး လှုပ်ရှားမှုတခု လုပ်မည်

စစ်ပွဲတွေရပ်ဖို့ အလွှာအသီးသီးစုပေါင်းပြီး လှုပ်ရှားမှုတခု လုပ်မည်

နိုင်ငံထဲ စစ်ပွဲတွေရပ်တန့်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတခု ရန်ကုန်မှာ လုပ်ဆောင်သွားမှာဖြစ်ပြီး အလွှာအသီသီးက ပါဝင်နိုင်အောင် စီစဉ်နေတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက ပြောပါတယ်။

ဒီနေ့မှာ ၈၈ အဖွဲ့နဲ့ အနုပညာရှင်တချို့ တွေ့ဆုံပြီး အကြိုညှိနှိုင်းခဲ့ကြတယ်၊ နိုဝင်ဘာ ၂၅ ရက်မှာ အလွှာအသီးသီးကို ဖိတ်ကြားပြီး လုပ်ဆောင်သွားမယ့် ပုံစံကို အပြီးသတ် ဆွေးနွေးကြမယ်လို့လည်း ပြောပါတယ်။

“အနုပညာရှင်တွေဘက်ရော၊ လူငယ်အဖွဲ့အစည်းတွေရော၊ ပြီးတော့ နိုင်ငံရေးအင်အားစုတွေရော ကျနော်တို့ ဖိတ်မယ်၊ ဖိတ်ပြီးတော့ စစ်ပွဲတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေးရဖို့ ဘာလုပ်ကြမလဲဆိုတာ သရုပ်ဖော်မှုတခုတော့ လုပ်ကြမယ်ပေါ့၊ လူထုပါ ပါဝင်နိုင်မယ့် ပုံစံတခု စဉ်းစားနေကြတယ်။ အနုပညာရှင်တွေ၊ ကဗျာဆရာတွေရော ပန်းချီဆရာတွေရော ကလေးငယ်တွေပါ ပူးပေါင်းပါဝင် သရုပ်ဖော်တဲ့ သရုပ်ဖော် လှုပ်ရှားမှုတခုပေါ့။”

၈၈ မျိုးဆက်ရဲ့ စစ်ပွဲတွေရပ်ဖို့ လှုပ်ရှားမှုကို အခုလအတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်ကုန်မှာပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ် ၅၀ ကျော်တို့ဟာ ရန်ကုန်မြို့က အင်းယားကန်ဘောင်ပေါ်မှာ ဂစ်တာဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသေးတယ်။

လတ်တလော ရှမ်းပြည်နယ်ထဲ ဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ရဲ့ တိုက်ပွဲတခုအတွင်းမှာပင် ဒေသခံလူထု ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular