A d v e r t i s e m e n t With Us

နယူးအော်လန်မြို့ ကလေးကစားကွင်းတွင် ပစ်ခတ်မှုဖြစ်၊ ၁၆ ဦး ဒဏ်ရာရ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးအော်လန်မြို့မှာရှိတဲ့ ကလေးကစားကွင်းတခုမှာ  နိုဝင်ဘာ ၂၂ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၁၆ ဦး ဒဏ်ရာရသွားပါတယ်။ WWL ရုပ်မြင်သံကြားသတင်းအရ ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေ ပြန်ပြောချက်အရ သေနတ်သမား ၂ ဦးက လူအုပ်ထဲကို သေနတ်နဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ music video တခု ရိုက်ကူးဖို့အတွက် Bunny Friend ကစားကွင်းထဲမှာ လူ ၅၀၀ လောက် ရှိနေတယ်လို့ သတင်းက ဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာကို လူနာတင်ကားတွေ ရောက်ပြီး လူနာ ၁၀ ဦးကို တက္ကသိုလ်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ မြို့တော်ဝန်ကိုယ်တိုင်လည်း အခင်းဖြစ်တဲ့ နေရာကို ရောက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up