မန်စီးတီးကွင်းလယ်လူ နာဆရီ ဒဏ်ရာကြောင့် လက်ကျန်ဘောလုံးရာသီပွဲစဉ် လွဲချော်

ဓာတ်ပုံ - ရိုက်တာ
1.2K
မန်စီးတီး ကွင်းလယ်လူ နာဆရီဟာ တံကောက်ကြော ဒဏ်ရာကြောင့် လက်ကျန် ဘောလုံးရာသီ ပွဲစဉ်တွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အရင်တုန်းက ဒဏ်ရာအတွက် ၃ လလောက်ပဲ အနားယူရလိမ့်မယ်လို့ ခန့်မှန်းထားရာကနေ ၆ လလောက်အထိ ကြာမြင့်သွားတာပါ။
ဒဏ်ရာအတွက် ခွဲစိတ်ကုသမှု အောင်မြင်ပြီး ပြန်ကစားနိုင်ဖို့ အနည်းဆုံး ၄ လကနေ ၆ လအထိ ကြာနိုင်တယ်လို့ နာဆရီက သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပြင်သစ် ကွင်းလယ်ကစားသမားဟာ ဒီနှစ်ရာသီ မန်စီးတီးအတွက် ၈ ပွဲပဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။