A d v e r t i s e m e n t With Us

မော်ရင်ဟိုနှင့် အဆင်မပြေဖြစ်နေသည်ဆိုသည့် သတင်းကို ဟာဇက် ငြင်းဆို

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီး ကွင်းလယ်လူ အေဒင် ဟာဇက်က နည်းပြ မော်ရင်ဟိုနဲ့ အဆင်မပြေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုလိုက်ပါတယ်။ ဘယ်ဂျီယံ ကွင်းလယ်ကစားသမား ဟာဇက်ဟာ ဒီနှစ် ရာသီအစမှာတုန်းက  ရီးရဲလ်မက်ဒရစ်ကို အသင်းပြောင်းတော့မယ်ဆိုပြီး သတင်းထွက်ခဲ့သလို ချဲလ်ဆီးအတွက်လည်း ခြေစွမ်းပြ ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။ ဟာဇက်ကတော့ နည်းပြနဲ့ ပြဿ  နာ မရှိပါဘူး၊ ကျနော်တို့ ဆုဖလားတွေ အများကြီး အတူတကွ ရယူနိုင်ပါတယ်လို့ ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီနှစ်ရာသီထဲမှာ ၁၈ ပွဲ ကစားပေးထားပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ လောလောဆယ်မှာ ချဲလ်ဆီးအသင်းဟာ ရလဒ်တွေ မကောင်းဖြစ်နေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့် ၁၅ မှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up