A d v e r t i s e m e n t With Us

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်ခေါ်ချင်ကြောင်း မန်ယူနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
စပိန် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုကို မန်ယူအသင်းဆီ ပြန်ခေါ်ချင်ကြောင်း နည်းပြ လူးဝစ် ဗန်ဂါးက အတည်ပြု ပြောဆိုလိုက်ပါတယ်။ သတင်းတွေမှာတော့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲလ်ကို စွန့်ခွာတော့မယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ "ကစားသမား တော်တော်များများကို မျက်စိဖွင့် နားစွင့်ထားပါတယ်၊ ရော်နယ်ဒို တယောက်တည်းတော့ မဟုတ်ပါဘူး" လို့ နည်းပြ ဗန်ဂါးက ပြောပါတယ်။ အသက် ၃၀ အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ ၂၀၀၉ ခုနှစ်မှာ မန်ယူကနေ အဲဒီအချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်းသန်း ၈၀ နဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၃ ကြိမ် ရရှိထားပြီး ရီးရဲလ်မှာ ဂိုးသွင်းအများဆုံး စံချိန်သစ် တင်ထားပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မှာ ကစားတဲ့ ၆ နှစ် သက်တမ်းအတွင်း လာလီဂါ ချန်ပီယံဆု၊ ချန်ပီယံလိဂ် ချန်ပီယံဆုနဲ့ စပိန်ဖလား ၂ ကြိမ် ရဖူးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up