တိုယိုတာမဲခေါင်ကလပ် ချန်ပီယံဖလားပွဲ ရန်ကုန်ယူနိုက်တက် ဂိုးပြတ်နိုင်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
နိုဝင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မှာ ယှဉ်ပြိုင်သွားတဲ့ ၂၀၁၅ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံဖလား (Toyota Mekhong Club Championship 2015) အုပ်စုပွဲစဉ်မှာ  ရန်ကုန်ယူနိုက်တက်အသင်းက လာအို တိုယိုတာအက်ဖ်စီအသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယား ချန်ပီယံ Boeung Ket Angkor အသင်းနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ အဝေးကွင်း သွားရောက် ကစားရမှာပါ။ ကမ္ဘောဒီးယား ချန်ပီယံအသင်းဟာ လာအိုတိုယိုတာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး လောလာဆယ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၃ မှတ်စီ ရမှတ်ချင်း တူပေမယ့် သွင်းဂိုး အားသာချက်နဲ့ ရန်ကုန်အသင်းက အုပ်စုကို ဦးဆောင်နေပါတယ်။ ကမ္ဘောဒီးယားကလပ်နဲ့ ပွဲစဉ်မှာ သရေကျရုံနဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up