A d v e r t i s e m e n t With Us

တော့တင်ဟမ်ဟော့စပါးစ် အိမ်ကွင်းတွင် ၀က်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၂ ရက်နေ့က ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ်အသင်းက ၀က်စ်ဟမ်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးစ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲတိတိ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ စပါးစ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ကိန်းက ၂ ဂိုး၊ အယ်ဒါဝီးက ၁ ဂိုးနဲ့ ဝေါ်ကာက ၁ ဂိုးစီ အသီးသီး သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ စပါးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ကွင်းလယ်ကစားသမား အယ်လီ ခြေစွမ်းပြကစားနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ၀က်စ်ဟမ်းအတွက် တလုံးတည်းသော ချေပဂိုးကို ၈၇ မိနစ်မှာ မန်နျူရယ် လန်ဇီနီက သွင်းယူပေးခဲ့တာပါ။ ဒီပွဲနိုင်တဲ့ စပါးစ်က ၂၄ မှတ်နဲ့ အဆင့် ၅ နေရာကို တက်လာပြီး ၀က်စ်ဟမ်းက ၂၁ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up