A d v e r t i s e m e n t With Us

ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၁၀၀ ခန့်ရှိပြီ (ရုပ်သံ)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျမှုအတွင်း ဒီကနေ့ ညနေ ၄ နာရီလောက်အထိ သေဆုံးသူ ၁၀၀ နီးပါးထိ ရှိနေပြီဖြစ်ပါတယ်။ မြေပြိုပြီးပိနေသူတွေကို ဒီကနေ့ ရှာဖွေရာမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းတွေ ထပ်မံရှာဖွေတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၇ ဦး ရှိသွားပြီလို့  ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု ဦးစီးမှူး ဒေါ်နီလာမြင့်က ဒီဗွီဘီကို ပြောပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က ဖားကန့်မြို့ကနေ ဆယ်မိုင်ခန့်အကွာ လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာအကြား မြေစာပုံ ပြိုကျခဲ့တာဖြစ်ပြီး တဲအလုံး ၇၀ ကျော်  လောက်ပါသွားပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ သက်ဆိုင်ရာက ဆက်လက်ရှာဖွေဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up