Home
မြန်မာသတင်း
ဂျပန်နိုင်ငံ လာရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီးချုပ်ရှင်ဇိုအာဘေး ဖိတ်ကြား
DVB
·
November 22, 2015
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ လာရောက်လည်ပတ်ဖို့ ဂျပန်ဝန်ကြီးချုပ်က တရားဝင် ဖိတ်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရှိခဲ့တဲ့အပေါ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကချီးကျူးဂုဏ်ပြုကြောင်း သတင်းစကားပါးရာမှာ ဂျပန်နိုင်ငံကို စောနိုင်သမျ အစောဆုံး လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တာလို့ ဂျပန် နိုင်ငံခြားရေးရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဂျပန်တိုင်းမ် သတင်းစာမှာဖော်ပြပါတယ်။ ဂျန်ဝန်ကြီးချုပ်က မြန်မာအမျိုးသားရင်ကြားစေ့ရေး အထူးသံတမန် မစ္စတာ ရိုဟီဆာဆာ ကာဝါကနေတဆင့် အန်အယ်လ်ဒီ တာဝန်ရှိသူတွေထံ  ဒီသတင်းစကားပါးခဲ့တာလို့လည်း ဆိုပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ  ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကလည်း ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို လေ့လာရေးခရီး တပတ်ကြာသွားရောက်ဖို့ ရှိနေတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့  ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကလည်း ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီးသွားရောက်ခဲ့ဖူးပါတယ်။ ၁၉၈၅- ၈၆ ခုနှစ်တွေတုန်းကတော့ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်ပြီး လေ့လာဖို့ သုတေသီအဖြစ် သွားခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024