A d v e r t i s e m e n t With Us

လူလိုပဲ မိုးမိမှာစိုးရိမ်သည့် ဂေါ်ရီလာမျောက်ဝံလေး (ရုပ်သံ)

တိရစ္စာန်ရုံထဲက ကင်မြာအမည်ရတဲ့ ဂေါ်ရီလာမျောက်ဝံလေးတကောင်ဟာ ကျွေးထားတဲ့ ဆလတ်ရွက်ကိုစားဖို့ မိုးရေထဲကိုပြေးထွက်ချိန်မှာ မိုးမိမှာစိုးတဲ့အတွက် ခေါင်းကို အုပ်မိုးပြေးထွက်ခဲ့တာကို ကင်မရာမှာ ဖမ်းယူရရှိခဲ့ပါတယ်။ ကင်မြာအမည်ရတဲ့ အဲဒီမျောက်ဝံကလေးဟာ အနောက်ပိုင်းမြေနိမ့်ဂေါ်ရီလာ အမျိုးအစား ဖြစ်ပြီး ဆလတ်ရွက်ကို မိုးရေထဲကဖြတ်ပြီး သွားရောက်ယူခဲ့ကာ သူ့အ ပေါင်းအဖော်တွေနောက်ကို ပြေးလိုက်သွားခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါ တယ်။ မိုးစိုမှာစိုးတဲ့အတွက် သူ့ခေါင်းကို လက်နဲ့အုပ်မိုးပြီး ကြိုးစားကာကွယ်ခဲ့တဲ့ သူ့ရဲ့အမူအရာဟာ ကြည့်ရှုသူပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စရာဖြစ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up