သပိတ်ကျင်း ရွှေကြောတွေ့ရှိ၊ တူးဖော်သူ များပြား (ရုပ်သံ)
DVB
·
November 22, 2015
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အုန်းဇုန်းအုပ်စု ငွေဖြူတောင် ဘုရားတောင်ခြေ သစ်တောစိုက်ခင်းအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆက်သွယ်ရေးလိုင်း တူးဖော်ရာကနေ ရွှေကြောတွေ့ရှိလို့ ဒေသခံအများအပြား သွားရောက် တူးဖော်နေကြပါတယ်။
တူးဖော်သူတွေ တဖြည်းဖြည်း များပြားလာနေသလို ဒေသအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ သတ္တုတွင်းဝန်ကြီးဌာနက ကြေညာစာတွေ ကပ်ပြီး ရွှေတူးဖော်မှုကို ပိတ်သိမ်းခိုင်းနေတယ်လို့ သိရပါတယ်။