DVB Logo
Home
မြန်မာသတင်း
ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၉၀ ကျော်ပြီ
DVB
·
November 22, 2015
ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၉၀ ကျော်ပြီ
1 / 8
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူး ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူ ၉၀  ကျော်ရှိထိထပ်တိုးလာပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီထိ  သေဆုံးသူ ၉၁ ဦးရှိသွားပြီလို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန   ဒု ဦးစီးမှူး  ဒေါ်နီလာမြင့် က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ည ၈ နာရီ ၁၅ မိနစ်အချိန်အထိ ရှာတာ ၇၉ ဦးတွေ့တယ်။ တဦးက ဆေးရုံရောက်မှသေတာ အလောင်းကတော့ ၇၈ လောင်းရတယ်။ ဒီနေ့မနက်တော့ ၇ နာရီ ကစပြီးရှာဖွေမှုပြန်လုပ်တော့ နေ့လယ် ၁၂ နာရီထိကို ၁၂ လောင်းထပ်ရတယ်။ ခုတော့ ထမင်းစားနားပြီ ပြန်ဆက်ရှာနေကြတယ်။”

နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က ဖားကန့်မြို့ကနေ ဆယ်မိုင်ခန့်အကွာ လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာ အကြား မြေစာပုံ ပြိုကျခဲ့တာဖြစ်ပြီး တဲအလုံး ၇၀ ကျော် ၈၀ လောက်ပါသွားပါတယ်။ တဲတလုံးမှာ လူ ၃ ဦးကနေ ၆ ဦးလောက်အထိ နေထိုင်နိုင်တယ်လို့ ခန့်မှန်းရတဲ့ အတွက် အသေအပျောက် အရေအတွက် တိုးလာဖွယ်ရှိနေပါတယ်။

ဖားကန့်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊  ဖားကန့် အခြေစိုက် စစ်တပ်က တပ်မမှူး နဲ့ တပ်ဖွဲ့ဝင်တွေကလည်း ပျောက်ဆုံးနေသူတွေကို ရှာဖွေရာမှာ ကူညီပေးနေပါတယ်။

 

ဓာတ်ပုံ - ဇော်မိုးထက်

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013