ချီကာဂိုမြို့လယ် အဆောက်အအုံ မီးလောင် (ရုပ်သံ)

2.2K
အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့လယ်က ဂျွန်ဟန်းကော့ခ်စင်တာအဆောက်အအုံ အထပ် ၅၀ မြောက်မှာ နိုဝင်ဘာလ၂၁ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချီကာဂိုမြို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အထပ် ၁၀၀ အမြင့်ရှိတဲ့ အဆောက်အအုံရဲ့ အရှေ့ဘက်ခြမ်းမှာ မီးလောင်ကျွမ်း မှုဖြစ်ခဲ့ကာ မီးသတ်သမားတွေက ငြိမ်းသတ်ခဲ့ရတဲ့ပုံတွေကို မီးသတ်ဦးစီးဌာနရဲ့ တွစ် တာစာမျက်နှာမှာ ဖော်ပြလိုက်တာပါ။
အိပ်ခန်းတခန်းထဲမှ စတင်လောင်ကျွမ်းခဲ့ပြီး ပျံ့နှံ့ခဲ့တာဖြစ်ကာ အဲဒီအခန်းတခန်းလုံး လောင်ကျွမ်းခဲ့ကာ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူတဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီအဆောက် အအုံမှာ နေထိုင်ကြသူတွေကို နေရာမှာပဲဆက်နေထိုင်ဖို့ အကြံပေးညွှန်ကြားခဲ့တာပါ။
ဟန်းကော့ခ်အဆောက်အအုံဟာ ချီကာဂိုမြို့ရဲ့ အမှတ်အသားအဆောက်အဦး တခုဖြစ်ပြီး အပေါ်ဆုံးထပ်တ၀က်မှာ လူနေထိုင်မှုအခန်းတွေဖြစ်ကာ မီချီဂန်ကန်နဲ့ မြို့ အလှအပတွေကို အပေါ်စီးကမြင်နိုင်တဲ့ မြင်ကွင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့နေရာ တခုဖြစ်ပါတယ်။