ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ၂ ဦး ကြိုးပေး ကွပ်မျက်ခံရ


အလီအာဆန် မိုဟာမက်ဒ် မူဂျာဟစ်ဒ်နဲ့ ဆလာဟူဒင် ကွာဒါ ချောင်ဒရီ (၀ဲမှယာ)

Bangladeshi secular activists and former fighters who fought in the 1971 war of independence against Pakistan protest as they call for the death penalty to be upheld for opposition leaders for Salauddin Quader Chowdhury and Ali Ahsan Mohammad Mujahid, over war crimes in that conflict, outside the Supreme Court in Dhaka on November 18, 2015. Bangladesh's highest court on November 18 upheld the death sentences of two opposition leaders convicted for atrocities during the 1971 independence war against Pakistan, sparking fears of violence by their supporters. AFP PHOTO (Photo credit should read STR/AFP/Getty Images)
2.2K
ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံ ခေါင်းဆောင် ၂ ဦးကို အတိတ်က စစ်ရာဇ၀တ်မှုတွေအတွက် နိုဝင်ဘာ ၂၂ ရက်နေ့က ဒါကာ ထောင်ထဲမှာ ကြိုးပေး ကွပ်မြတ်လိုက်တယ်လို့ အကြီးတန်း ရဲအရာရှိတယောက်ကပြောပါတယ်။
၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေ ခွဲထွက်တဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အခုလို စီရင်လိုက်တာ ဖြစ်ပြီး အတိုက်အခံတွေဘက်က ဒေါသနဲ့ တုံ့ပြန်လာနိုင်တဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။
အစ္စလာမ္မစ် အတိုက်အခံ ခေါင်းဆောင် အလီ အာစန် မိုဟာမက် မူဂျဟစ်နဲ့ ဆာလာဒင် ကာဒါ ချောင်ဒရီ တို့ကို တနေရာစီမှာ တပြိုင်တည်း ကွပ်မြတ်လိုက်တယ်လို့ ရဲအရာရှိက အတည်ပြုပါတယ်။
မူဂျာဟစ်က အသက် ၆၇ နှစ်အရွယ် ဖြစ်ပြီး ဂျမက် ချောင်ဒရီကတော့ အသက် ၆၆ နှစ်ဖြစ်ပါတယ်။
စစ်အတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အရပ်သားတွေကို ညှဉ်းပန်းမှုတွေအတွက် သေဒဏ်ပေးခံထားရတဲ့ သူတို့ နှစ်ယောက်က အယူခံဝင်ခဲ့ပေမယ့် တရားရုံးချုပ်က ပယ်ချခဲ့ပြီး အခုနောက်ဆုံး ကွပ်မျက်လိုက်တာပါ။
အတိတ်က စစ်ရာဇ၀တ်မှုတွေကို စစ်ဆေးဖို့ ခုံရုံးကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ် ဟာစီနာက ၂၀၁၀ မှာ ဖွဲ့စည်းပေးခဲ့ပြီး ဒါဟာ အတိုက်အခံ ဂျမက် အီ အစ္စလာမ္မီ ပါတီ ခေါင်းဆောင်ပိုင်းကို ထိုးနှက်ဖို့အတွက် ရည်ရွယ်တာလို့ အတိုက်အခံတွေက စွပ်စွဲပါတယ်။
ဒါပေမယ့် အစိုးရကတော့ တရားစီရင်ရေးမှာ ၀င်ရောက်စွက်ဖက်ခြင်း မရှိဘူးလို့ ငြင်းဆန်ပါတယ်။ ၂၀၁၃ ဒီဇင်ဘာတုန်းကလည်း ပါတီ ခေါင်းဆောင် ၂ ဦး အခုလိုပဲ ကွပ်မျက်ခံရပြီး ဧပြီတုန်းကလည်း နောက်တဦးကို ကွပ်မျက်ခဲ့ပါတယ်။